အင်ဒိုနီးရှားနှင့်စစ်ရေး ပူးပေါင်းမှုများ နဂိုအတိုင်း ပြန်လည်ဖြစ်လာဖို့ သြစတြေးလျမျှော်လင့်

အင်ဒိုနီးရှားနှင့်စစ်ရေး ပူးပေါင်းမှုများ နဂိုအတိုင်း ပြန်လည်ဖြစ်လာဖို့ သြစတြေးလျမျှော်လင့်

ဇန်နဝါရီ ၅ ။            ။ သြစတြေးလျကာကွယ်ရေးဝန်ကြီး Marise Payne က သူမဟာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သူမ၏နိုင်ငံနှင့်စစ်ရေး ပူးပေါင်းမှုများကို မကြာခင်မှာနဂိုအတိုင်း   ပြန်လည်လုပ်ဆောင်သွားမယ်လို့  ယုံကြည်ကြောင်းပြောခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့သောဗုဒ္ဓဟူးနေ့တုန်းက “ပြုပြင်မွမ်းမံဖို့လိုအပ်တာတွေအများအပြားရှိနေတယ်” လို့ ပြောခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကိုရပ်ဆိုင်းထားလိုက်ပါသည်။

သြစတြေးလျအာဏာပိုင်တွေကတော့ အဆိုပါမကျေမနပ်ဖြစ်ရခြင်းအကြောင်းရင်းဟာ သြစတြေးလျစစ်တပ် ဘာသာစကားဌာနမှ သင်ကြားရေးပစ္စည်းများနှင့်သက်ဆိုင်တယ်လို့ ပြောခဲ့ပါသည်။

အင်ဒိုနီးရှားသမ္မတဝီဒိုဒိုကတော့ ယခုလိုမျိုးအုတ်အုတ်ကျက်ကျက်ဖြစ်သွားပေမယ့်လည်း သြစတြေးလျနှင့်သူ တို့၏ဆက်ဆံရေးမှာ ဆက်လက်ခိုင်မာနေမြဲဖြစ်ကြောင်းပြောခဲ့ပါသည်။

“ကျနော်တို့နိုင်ငံနဲ့သြစတြေးလျနိုင်ငံတို့ရဲ့ဆက်ဆံရေးဟာ အကောင်းပကတိအတိုင်း ဆက်လက်ရှိနေမယ်လို့ ကျနော်ထင်ပါတယ်။   ပြသနာတွေကို ပထမဦးဆုံးအနေနဲ့   သေသေချာချာ ရှင်းလင်းလုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါမှအခြေအနေတွေဟာ ပိုမိုပြီးပြင်းထန် မသွားမှာဖြစ်ပါတယ်” လို့သတင်းထောက်များအား ပြောခဲ့ပါသည်။

အစောပိုင်းတုန်းက မစ္စတာဝီဒိုဒိုရဲ့ပြောရေးဆိုခွင့်ရှိသူက အဆိုပါစစ်ရေးရပ်ဆိုင်းမှုဟာသမ္မတရဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်းငြင်းဆိုခဲ့သော်လည်း မစ္စတာဝီဒိုဒိုကတော့ သူကိုယ်တိုင် သဘောတူခွင့်ပြုခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly