ကျန်းမာရေး ဥပဒေအတွက် တိုက်ပွဲဝင်ကြရန် ဒီမိုကရက်တစ် မိတ်ဆွေများကို အိုဘားမားတိုက်တွန်း

ကျန်းမာရေး ဥပဒေအတွက် တိုက်ပွဲဝင်ကြရန် ဒီမိုကရက်တစ် မိတ်ဆွေများကို အိုဘားမားတိုက်တွန်း

ဇန်နဝါရီ ၅ ။             ။ အမေရိကန်သမ္မတဘားရက်အိုဘားမားဟာ သူ၏ဒီမိုကရက်တစ်မိတ်ဆွေများကို ကျန်းမာရေးဥပဒေအတွက် တိုက်ပွဲဝင်ကြရန် တိုက်တွန်းခဲ့ပါသည်။   နောက်တက်လာမည့် သမ္မတသစ်ဒေါ်နယ်ထရမ့်နှင့် အပေါင်းအပါတို့ဟာ အဆိုပါဥပဒေကို ဦးစားပေးရုတ်သိမ်းသွားမည်လို့ကတိကဝတ်ပြုထားတဲ့အတွက် သမ္မတအိုဘားမားကယခုလို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ရီပတ်ဘလီကန်တို့ဟာ သူ့ရဲ့အိုဘားမားစောင့်ရှောက်မှု လို့ခေါ်တဲ့ကျန်းမာရေးဥပဒေကို ဖြိုဖျက်သွားဖို့အတွက်  ကြိုးပမ်းနေကြတဲ့ အတွက် သမ္မတအိုဘားမားက နှစ်နာရီအကြာပြုလုပ်ခဲ့တဲ့ သီးသန့် အစည်းအဝေးအတွင်းမှာ သူ့ပါတီအတွင်းမှ အဖွဲ့ဝင်များကို အဆိုပါ ဥပဒေအားကာကွယ်သွားရန် လှုံ့ဆော်စည်းရုံးခဲ့ပါသည်။

အရွေးချယ်ခံ ဒုတိယသမ္မတသစ် Mike Pence က သူတို့ဟာ အိုဘားမားစောင့်ရှောက်မှု အစီအစဉ်ကို အစားထိုး လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ပါတီကိုလွှတ်တော်အတွင်းမှာပြောကြားခဲ့ပါသည်။

ပျှမ်းမျှအားဖြင့် သန်း၂၀လောက်ရှိတဲ့ အမေရိကန်လူမျိုးတွေကို အဆိုပါ ဥပေဒအရ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly