အဲဗာတန်ကွင်းလယ်လူ ဘိုလာစီတစ်နှစ်ခန့် နားရဖွယ်ရှိ

အဲဗာတန်ကွင်းလယ်လူ ဘိုလာစီတစ်နှစ်ခန့် နားရဖွယ်ရှိ

ဇန်နဝါရီ ၅၊ လီဗာပူးလ်။         ။ အဲဗာတန်တောင်ပံကစားသမား ဘိုလာစီသည် ဒူးဒဏ်ရာကြောင့် တစ်နှစ်ခန့်အနားယူရဖွယ်ရှိနေသည်ဟု နည်းပြ ရော်နယ် ကိုးမန်းက ပြောသည်။

အသက် ၂၇ နှစ်အရွယ် ဘိုလာစီသည် ဒီဇင်ဘာ ၄ ရက်နေ့က မန်ယူအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သောပွဲတွင် ညာဘက် ဒူးဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

နည်းပြကိုးမန်းက “သူပြန်ကစားနိုင်ဖို့ ၁၁လ၊ ၁၂လ လောက်အနားယူရနိုင်ပါတယ်။ စိတ်ပျက်စရာကြီးဖြစ်ပေမယ့် သူပြန်လာနိုင် မှာပါ”ဟု ပြောသည်။

ဘိုလာစီသည် လာမည့်ရက်သတ္တပတ်များတွင် ဒူးအရွတ်ကို ဒုတိယအကြိမ် ထပ်မံခွဲစိတ်ရမည်ဖြစ်သည်။ ဒီအာကွန်ဂို လက်ရွေးစင်ကစားသမားသည် သြဂုတ်တွင် ခရစ္စတယ်ပဲလေ့စ်မှ ပေါင် ၂၅ သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီး ဒဏ်ရာမရမီအထိ အဲဗာတန်၏အမှတ်ပေးပွဲအားလုံးကို ကစားပေးထားသည်။

နည်းပြကိုးမန်းသည် နယ်သာလန်တစ်နိုင်ငံတည်းသား ဒီပေးကိုခေါ်ယူလိုကြောင်းပြောဆိုထားရာ မန်ယူမှဒီပေးသည် ဘိုလာစီ၏ နေရာ၌ အစားဝင်ကစားသူဖြစ်လာနိုင်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly