ဝက်စ်ဟမ်းကွင်းလယ်လူ ဖက်ဟူလီ၏ အနီကတ်ကို အက်ဖ်အေပယ်ဖျက်ပေး

ဝက်စ်ဟမ်းကွင်းလယ်လူ ဖက်ဟူလီ၏ အနီကတ်ကို အက်ဖ်အေပယ်ဖျက်ပေး

ဇန်နဝါရီ ၅၊ လန်ဒန်။             ။ တနင်္လာနေ့တွင် မန်ယူအသင်းကိုရှုံးနိမ့်ခဲ့သည့်ပွဲစဉ်၌ ပြသခံခဲ့ရသော ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဖက်ဟူလီ၏ အနီကတ် ပြစ်ဒဏ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။

ဝက်စ်ဟမ်းအသင်းက ၀-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် အဆိုပါပွဲ ပွဲချိန် ၁၅ မိနစ်တွင် ဖက်ဟူလီသည် မန်ယူနောက်ခံလူ ဖီးလ်ဂျံုးစ် နှင့် ဘောလုံးယှဉ်လုခဲ့ရာတွင် ကွင်းလယ်ဒိုင်မိုက်ဒိန်း၏ အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

ဝက်စ်ဟမ်းနည်းပြ ဘီလစ်က အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားမှာ ဖီးလ်ဂျံုး၏ လိုသည်ထက်ပိုသော သရုပ်ဆောင် ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

“အနီကတ် မဟုတ်ပါဘူး။ ဖက်ဟူလီရဲ့ခြေထောက်က လေထဲမြောက်ခဲ့တာလည်း မဟုတ်ပါဘူး။ လေးနက်တဲ့ ဆုံးဖြတ်ချက် လည်းမဟုတ်ခဲ့ဘူး”ဟု ဘီလစ်က ပြောသည်။

ယခုအခါ အနီကတ်ပြစ်ဒဏ်ပယ်ဖျက်ခံခဲ့ရသောကြောင့် ဖက်ဟူလီသည် သောကြာနေ့တွင် မန်စီးတီးနှင့်ကစားရမည့် အက်ဖ်အေ ဖလားပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly