အူဘာမီယန်းကို အာဖရိကဖလားပြိုင်ပွဲသို့ စေလွှတ်ရခြင်းကြောင်း ဒေါ့တ်မွန်အသင်း ရုန်းကန်ရတော့မည်ဟု နည်းပြ တူချယ်ဝန်ခံ

အူဘာမီယန်းကို အာဖရိကဖလားပြိုင်ပွဲသို့ စေလွှတ်ရခြင်းကြောင်း ဒေါ့တ်မွန်အသင်း ရုန်းကန်ရတော့မည်ဟု နည်းပြ တူချယ်ဝန်ခံ

ဇန်နဝါရီ ၅၊ ဂျာမနီ ။              ။ အာဖရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ကစားရန်အတွက် တိုက်စစ်မှူး အူဘာမီယန်းကိုစေလွှတ်ပေးရခြင်းကြောင့် ဒေါ့တ်မွန်အသင်းအနေဖြင့် များစွာရုန်းကန်ရတော့မည်ဟု နည်းပြ တူချယ်က ၀န်ခံလိုက်သည်။

၂၀၁၇ အာဖရိကဖလားပြိုင်ပွဲကို အူဘာမီယန်းတို့၏ဂါဘွန်နိုင်ငံက အိမ်ရှင်အဖြစ် ဇန်နဝါရီလ ၁၄ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိကျင်းပသွားမည် ဖြစ်သည်။

ယခုနှစ်တွင် ဒေါ့တ်မွန်အတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၅ ပွဲတွင် ၁၆ ဂိုးသွင်းယူပေးထားသော အသက် ၂၇ နှစ်အရွယ်ရှိ အူဘာမီယန်းသည် အမိနိုင်ငံဂါဘွန်အသင်းတိုက်စစ်ကို ဦးဆောင်ကစားပေးရမည် ဖြစ်သည်။

 ‘အူဘာမီယန်းမရှိဘဲနဲ့ ကျွန်တော်တို့ ဂိုးတွေအများကြီးမရနိုင်ပါဘူး။ သူက သူနဲ့တွဲကစားတဲ့သူတိုင်းကို တိုးတက်စေသူပါ။ အူဘာမီယန်းက ဘယ်လိုအခြေအနေမျိုးမှာမဆို ကွဲပြားခြားနားတဲ့ပုံစံနဲ့ စွမ်းဆောင်နိုင်တယ်ဆိုတာ သူနဲ့ တွဲကစားဖူးတဲ့သူတိုင်းသိပါတယ်’ ဟု ဒေါ့တ်မွန်နည်းပြ တူချယ်က ပြောဆိုခဲ့သည်။

အူဘာမီယန်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကစားရမည့် ၀ါဒါဘရီမင်နှင့်ပွဲစဉ်ကို သေချာပေါက် လွဲချော်မည်ဖြစ်ပြီး ဂါဘွန်အသင်းသာ အာဖရိကဖလားပြိုင်ပွဲတွင် နောက်အဆင့်များသို့ တက်ရောက်သွားခဲ့ပါက မိန့်ဇ်၊ လစ်ဇီ၊ ဟာသာဘာလင်နှင့်ပွဲစဉ်များကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly