စပါးအသင်းချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်းနှင့် အသစ်မှပြန်လည်စတင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြကွန်တီဆို

စပါးအသင်းချန်ပီယံဆုကို စိန်ခေါ်နိုင်ကြောင်းနှင့် အသစ်မှပြန်လည်စတင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြကွန်တီဆို

ဇန်နဝါရီ ၅၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ၏နောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့သော စပါးအသင်းနှင့်ချယ်လ်ဆီးအသင်းတို့၏ပွဲစဉ်တွင် အိမ်ရှင်စပါးက ၂-၀ ဂိုးဖြင့်အနိုင်ရသွားသည့်အတွက် ချယ်လ်ဆီးအသင်း၏ ၁၃ ပွဲဆက်တိုက်အနိုင်ရရှိမှုစံချိန်ရပ်တန့်သွားခဲ့ရသည်။

ထိုပွဲစဉ်တွင် စပါးအသင်းအတွက်အနိုင်ဂိုးများကို အယ်လီက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ၂ ဂိုးစလုံးကို အဲရစ်ဆင်က ဖြတ်တင်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

စပါးအသင်းကို ရှုံးနိမ့်ပြီးနောက်တွင် ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ထိုကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာနိုင်သည်ကို ပွဲမတိုင်ခင် ကတည်းက မျှော်လင့်ထားပြီးဖြစ်ကြောင်းနှင့် စပါးအသင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိသည့်အသင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

‘ဒီလိုရလဒ်ဖြစ်လာနိုင်တယ်ဆိုတာ ပွဲမတိုင်ခင်ကတည်းက သိပြီးသားပါ။ ဒီပွဲမှာ ကျွန်တော်တို့နှစ်သင်း ခြေညီခဲ့တယ်လို့ ထင်ပါတယ်။ သူတို့ဟာ ပထမပိုင်းမပြီးခင်မှာ တစ်ဂိုးသွင်းခဲ့ပြီး ကျွန်တော်တို့ ပုံစံကောင်းရနေတဲ့အချိန်မှာ ဒုတိယဂိုးသွင်းခဲ့ပါတယ်။ အနိုင်ရရှိမှုစံချိန်ရပ်တန့်သွားတာကတော့ စိတ်ထဲမကောင်းပါဘူး။ ဒါပေမဲ့ စပါးက အသင်းကောင်းပါ။ သူတို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့သလို ဒီရာသီမှာလည်း စိန်ခေါ်ဦးမှာ သေချာပါတယ်’ ဟု ကွန်တီက ဆိုသည်။

ထို့အပြင်  ဆက်လက်ပြီး ကွန်တီက ‘ဒီနှစ်ချန်ပီယံလုပွဲက အလွန်ခက်ခဲပါလိ့မ်မယ်။ ဒါကြောင့် ပိုပြီးတိုးတက်လာဖို့ ပြင်းပြင်းထန်ထန်ကြိုးစားရမှာပါ။ ၁၃ ပွဲဆက်တိုက်အနိုင်ရမှု ရပ်တန့်သွားတာက လက်ခံဖို့ ခက်ပေမယ့် အခုအချိန်ကစပြီး နောက်ထပ်အသစ်တစ်ဖန်ပြန်ပြီး ကြိုးစားကြရမှာပါ’ ဟု ဆိုခဲ့သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းမှာ ရမှတ် ၄၉ မှတ်ရရှိထားပြီး ဒုတိယနေရာမှ လီဗာပူးလ်ကို ငါးမှတ်၊ တတိယနေရာမှ စပါးကို ရ မှတ် ဖြတ်ထားသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly