မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟို အယူခံမှု အက်ဖ်အေ ပယ်ချ

မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟို အယူခံမှု အက်ဖ်အေ ပယ်ချ

မန်ချက်စတာစီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုဟာ ၎င်းရဲ့ မှားယွင်းတဲ့ ဖျက်ထုတ်မှုအတွက် အယူခံဝင်ခဲ့ပေမယ့် အက်ဖ်အေက အယူခံပယ်ချခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် ဖာနန်ဒင်ဟိုဟာ ဇန်နဝါရီ ၂ ရက်နေ့က ဘန်လေနဲ့ ပွဲမှာ ပြိုင်ဘက်ကစားသမား ဂူမန်ဆန်ကို ခြေစုံပစ် ဖျက်ထုတ်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဖာနန်ဒင်ဟိုအတွက် ၃ ကြိမ်မြောက် အနီကဒ်ပြသခံရတာလည်းဖြစ်ပါတယ်။

ဖာနန်ဒင်ဟိုရဲ့ အယူခံပယ်ချခံရတာကြောင့် ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ချက်ချင်း သက်ရောက်မှု စတင်တော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဖာနန်ဒင်ဟိုဟာ သောကြာနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းအသင်းနှင့် အက်ဖ်အေဖလား တတိယအဆင့်ပွဲ၊
အဲဗာတန်၊ စပါး၊ ဝက်စ်ဟမ်းအသင်းတို့နှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မှာဖြစ်ပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly