အိန္ဒိယနယ်စပ်၊ တမူးမြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

အိန္ဒိယနယ်စပ်၊ တမူးမြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား

မုံရွာ၊ ဇန်နဝါရီ ၄။             ။ အိန္ဒိယနယ်စပ်နှင့်ကပ်လျှက်ရှိသော တမူးမြို့အတွင်း ဇန်နဝါရီ ၃ ရက် ညနေပိုင်း က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ်ဒေသခံများက ပြောသည်။
တမူးမြို့၊ စန္ဒကူး(၆ ) ရပ်ကွက်၊ ဂဏကျောင်းကုန်းဆင်း၊ မုန့်ဟင်းခါးဆိုင်အနီးတွင် ဇန်နဝါရီ ၃ ရက် ညနေ ၃:၄၅ နာရီခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကသည်းလူမျိုးများဖြစ်ကြောင်း သိရသည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ပြီး ပစ်ခတ်သူမှာ တစ်ဖက်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သေနတ်ပစ်ခံရသူမှာ အသက်မသေဘဲ ဒဏ်ရာရရှိခဲ့ကြောင်း တမူးမြို့နယ်ဒေသခံ ကိုအောင်နိုင်က ပြောသည်။ ၄င်းတို့အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏရှိခဲ့သော်လည်း တမူးဒေသခံများအား ထိမှန်ခြင်း မရှိသေးကြောင်း၊ သို့သော် နယ်ခံများအနေနှင့် စိုးရိမ်မှုရှိကြောင်း တမူးမြို့နယ်ဒေသခံ ဦးမြင့်ဇော်က ရှင်းပြသည်။

ဒီဇင်ဘာ ၂၉ ရက် ည(၈)နာရီအချိန် ခန့်ကလည်း တမူးမြို့ (၁၃) ရပ်ကွက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly