အခြားအသင်းများလည်း ဘုန်းမောက်ကွင်းတွင် အမှတ်လျော့ဦးမည်ဟု အာစင်ဝင်းဂါးပြော

အခြားအသင်းများလည်း ဘုန်းမောက်ကွင်းတွင် အမှတ်လျော့ဦးမည်ဟု အာစင်ဝင်းဂါးပြော
 

ဇန်နဝါရီ ၄၊ အင်္ဂလန် ။             ။ ဘုန်းမောက်အသင်းနှင့် သုံးဂိုးစီ သရေကျပြီးနောက်တွင် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် အခြားအသင်းများလည်း ဘုန်းမောက်ကွင်းတွင် အမှတ်လျော့ကြလိမ့်ဦးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို အဖွင့်ဂိုးသုံးဂိုးပေးခဲ့ရပြီး နောက်ကလိုက်ကစားခဲ့ရခြင်းဖြစ်သည်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးများကို ဆန်းချက်ဇ်၊ ပီရက်ဇ်နှင့်ဂီရော့ဒ်တို့က သွင်းယူပေးခဲ့ကြသည်။

ပွဲအပြီးတွင် အာစင်ဝင်းဂါးက ‘ကျွန်တော်တို့ရဲ့ရည်မှန်းချက်အရဆိုရင် ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲပါ။ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရဖို့ ကြိုးစားသွားပါမယ်။ အခြားအသင်းတွေလည်း ဘုန်းမောက်ကွင်းမှာ အမှတ်တွေဆုံးရှုံးလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။

ဘုန်းမောက်အသင်းကစားတာတကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ သုံးဂိုးပေးရပြီးမှ သုံးဂိုးစီသရေကျခဲ့ရတာက ကျွန်တော်တို့မျှော်လင့်ထားတဲ့ ရလဒ်မဟုတ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ထိုပွဲအပြီးတွင် အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ်မှာ စိတ်ဆိုးဒေါသထွက်ခဲ့ပြီး လက်အိတ်များကို ကွင်းကြမ်းပြင်သို့ ပစ်ပေါက်ခဲ့ကာ ပြိုင်ဘက်ကစားသမားတစ်ဦးကိုမှ နှုတ်ဆက်ခြင်းမရှိဘဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly