တောင်ကိုရီးယားသမ္မတက ၎င်း၏ အမှု ကြားနာရာ ရုံးတော်သို့ တက်ရောက်ခြင်းမရှိ

တောင်ကိုရီးယားသမ္မတက ၎င်း၏ အမှု ကြားနာရာ ရုံးတော်သို့ တက်ရောက်ခြင်းမရှိ

ဆိုးလ်၊ ဇန်နဝါရီ ၃ ။            ။ တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံခုံရုံးက သမ္မတပတ်ဂွန်ဟေးအား စွဲချက်တင်ရန် ပထမဆုံးရုံးတော်စစ်ဆေးကြားနာမှုအား ဇန်နဝါရီ ၃ ရက်က စတင်သော်လည်း ကြားနာမှုသို့ သမ္မတဖြစ်သူက တက်ရောက်ခဲ့ခြင်း မရှိပေ။

သီတင်းပတ်တိုင်း လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုများကို ဖြစ်ပွားစေခဲ့သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သမ္မတပတ်ဂွန်ဟေးအား တရားစွဲဆိုစွဲချက်တင်ရေး လွှတ်တော်၏ ဒီဇင်ဘာ ၉ ရက်က မဲပေးဆုံးဖြတ်မှုအပေါ် အတည်ပြုခြင်း မပြုခြင်း ဆုံးဖြတ်ရန် ခုံသမာဓိတရားသူကြီး ကိုးဦး၏ ကြားနာမှုအား ပြုလုပ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ပဏာမစစ်ဆေးကြားနာမှု သုံးရပ်ပြုလုပ်ခဲ့ပြီးနောက် ယခုပထမဆုံးရုံးတော်ကြားနာမှုကို ပြုလုပ်ခြင်းဖြစ်သော်လည်း အချိန်ကိုးမိနစ်သာ ကြာမြင့်ခဲ့သည်။

ကြားနာမှုသို့ သမ္မတပတ်ဂွန်ဟေး တက်ရောက်ရန် မလိုအပ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်၌ ဖွဲ့စည်းပုံခုံရုံးက စီရင်ဆုံးဖြတ်ချက် ချထားခြင်းလည်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက်နေ့တွင် ထပ်မံ၍ ရုံးတော်ကြားနာမည်ဖြစ်ကာ သမ္မတပတ်ဂွန်ဟေး တက်ရောက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမှုအား ဆက်လက်ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly