မောင်တောမြို့နယ်တွင် အရပ်သား ၁ ဦး အသတ်ခံရ

မောင်တောမြို့နယ်တွင် အရပ်သား ၁ ဦး အသတ်ခံရ

ဇန်နဝါရီ ၃၊ ၂၀၁၇ ။            ။ မောင်တောမြို့နယ်၊ လင်ဘာကုန်းနား ကျေးရွာမှ အရပ်သားတစ်ဦး လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဆွေဒူအာမီ(၃၀) နှစ်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ငါးစားကြူးချောင်းဖက်သို့ ငါးရှာသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ငါးစားကြူးချောင်းထဲတွင် သေဆုံးနေကြောင်း သိရသဖြင့် စစ်ဆေးရာ ငါးစားကြူးချောင်းရေစပ် ရွှံဗွက်ထဲတွင် လည်ပင်း လှီးဖြတ်ဒဏ်ရာဖြင့်   မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly