မုံုးကုုိးမှ ခရစ်ယာန်ဆရာ ၂ ဦး ယနေ့ထိ ရှာမတွေ့

မုံုးကုုိးမှ ခရစ်ယာန်ဆရာ ၂ ဦး ယနေ့ထိ ရှာမတွေ့

ဇန်နဝါရီလ ၃ ရက်၊ချင်းမုုိင်(မဇ္စျိမ)။           ။ ရှမ်းပြည်နယ်မြောက်ပုုိင်း မုံုးကုုိးမြို့မှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဆရာ ဦးလန်ဂျော်ဂမ်ဆုုိင်းတုုိ့ နှစ်ဦး ယနေ့ထိ ပျောက်ဆုံုးနေဆဲ ဖြစ်သည်ဟုု မုံုးကုုိးဒေသခံများက ပြောသည်။

သူတုု့ိ နှစ်ဦးသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ညနေပုုိင်းမှ ပျောက်ဆုံုးခဲ့ရာ ယနေ့တွင် ၉ ရက်ကြာသည်ထိ နေအိမ်သုုိ့ ပြန်ရောက်လာခြင်း မရှိသေးဘဲ ပျောက်ဆုံုးနေဆဲ ဖြစ်သည်ဟုု မုံုးကုုိးမြို့မှ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာမတစ်ဦးက ပြောသည်။

“ပြန်မရောက်လာသေးဘူး။ သတင်းတော့ စုံုစမ်းနေတုုန်းဘဲ။ မုံုးကိုုး စစ်ဗျူဟာကုုန်းကိုုလည်း သွားမေးပြီးပြီ မရှိဘူး။ သူတိုု့ မိသားစုုက စုံုစမ်းနေကြတယ်။ ဒီနေ့ထိ ဘာသတင်းမှ မကြားသေးဘူး”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ဆရာ နှစ်ဦး ပျောက်ဆုံုးပြီးနောက်ရက်များတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရှေးမှူး ဒေါက်တာ ခလမ်ဆမ်စွန် အပါအဝင် ဘာသာရေးဆရာများလည်း မုံုးကုုိးမြို့သုုိ့ လာရောက် စုံုစမ်းမေးမြန်းမှုများ ပြုလုုပ်ခဲ့ပြီး ဖြစ်သည်ဟုု သူက ပြောသည်။

ပျောက်ဆုံုးနေသော ဆရာ ၂ ဦးသည် မုံုးကုုိးဗျူဟာကုုန်းအနီး ပျောက်ဆုံုးသွားသည်ဟုု သံသယ ဖြင့် သွားရောက်စုံုစမ်းခဲ့သော်လည်း ဗျူဟာကုုန်းတွင်လည်း မရှိဘဲ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသလားဟူသော သံသယ ရှိနေကြသည်ဟုု မုံုးကုုိးဒေသခံ တစ်ဦးက ပြောသည်။

“ခုုထိ မတွေ့သေးဘူး။ စစ်တပ်ကုုိလည်း သွားမေးပြီးပြီ အဲဒီမှာလည်း မရှိဘူး။ အဲဒီညက စစ်ကား ၁၀ စီးလောက် လာတယ်။ အဲဒီ စစ်ကား ပေါ်မှာ ဆုုိင်ကယ် ၃ စီး တင်သွားတယ်။ သူတုုိ့နှစ်ယောက်လည်း အဲဒီအချိန် အဲဒီကုုိ သွားနေတာ။ စစ်တပ်ထဲမှာ မဟုုတ်ရင် အဲဒီစစ်ကားပေါ် ခေါ်သွားသလားဆုုိပြီ သူ့တုုိ့ မိသားစုုတွေက လားရှိုးဘက်ကို သွားစုံစမ်းမယ်လုုိ့ ပြောနေကြတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျောက်ဆုံုးနေသည့် ဆရာများသည် မြန်မာ့တပ်မတော်နှင့် မြောက်ပုုိင်းမဟာမိတ်အဖွဲ့တုုိ့ တုုိက်ပွဲဖြစ်ပွားနေချိန်တွင် ပြည်တွင်းမှ DVB၊ ကုုမုုဒြာ၊ ဧရာဝတီ စသည့် သတင်းဌာနများမှ သတင်းထောက်များကုုိ မုံုးကုုိးမြို့အတွင်း တုုိက်ပွဲဖြစ်ပွားမှုအခြေအနေများကို လိုက်ပြပေးခဲ့သူများ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ် နုုိဝင်ဘာလ ၂၀ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပုုိင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကုုိးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်မတော်(AA)တုုိ့နှင့် မြန်မာ့တပ်မတော်တိုု့ တုုိက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

တုုိက်ပွဲကြောင့် မုံုးကုုိးမြို့ဒေသခံများ ထောင်နှင့်ချီက တရုတ်နိုင်ငံသုုိ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ဒီဇင်ဘာလလယ်မှစတင်၍ မိမိနေရပ်သုုိ့ ပြန်လည် နေထုုိင်နေကြပြီ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly