ဆီးရီးယားသူပုန်များက အက်စတာနာ ဆွေးနွေးပွဲအား သပိတ်မှောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်

ဆီးရီးယားသူပုန်များက အက်စတာနာ ဆွေးနွေးပွဲအား သပိတ်မှောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်

ဇန်နဝါရီ ၃ ။               ။ ဆီးရီးယားသူပုန်အဖွဲ့ဟာဒီလအနှောင်းပိုင်းတွင်ကျင်းပမည့် ရုရှားနှင့်တူရကီနိုင်ငံတို့မှစီစဉ်ပေးသောငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ဆင်နေမှုအားပါ၀င်ဖို့ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း   ပြောကြားသည်။

အဖွဲ့အများအပြားကလက်မှတ်ထိုးထားသော ထိုကြေညာချက်ထဲတွင် ဆီးရီးယားအစိုးရက အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်မှုကြောင့်လို့ အကြောင်းပြချက်   ပေးထားသည်။

တူရကီနှင့်ရုရှားနိုင်ငံတို့ဟာ ပြီးခဲ့သောကြာသာပတေးနေ့က အပစ်အခဲရပ်စဲရေးသဘောတူညီချက်အား ကြားမှ ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကာဇတ်စတန်နိုင်ငံ အက်စတာနာမြို့၌ကျင်းပဖို့ စီစဉ်ထားသည်။

ပြီးခဲ့သောတနင်္လာနေ့ကထုတ်ပြန်ခဲ့သောကြေညာချက်ထဲတွင် သူပုန်များက “ အစိုးရနှင့်၄င်း၏မဟာမိတ်များက ဆက်လက်ပစ်ခတ်မှုများ ရှိနေပြီး အပစ်အခတ်ရပ်စဲ သဘောတူညီချက် အားချိုးဖောက်မှု အများအပြား ရှိခဲ့သည်” ဟု ပြောကြားထားသည်။

“ထိုကဲ့သို့ အကြိမ်ကြိမ် ချိုးဖောက်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် သူပုန်အုပ်စုမှ အက်စတာနာညှိုနှိုင်း ဆွေးနွေးပွဲနှင့် ပက်သက်နေသော   ဆွေးနွေးမှုအားလုံးကို ရပ်တန့်သွားမည်ဖြစ်ကြောင်း   ကြေညာပါသည်” ဟု သူပုန်များကပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly