တူရကီနိုက်ကလပ် တိုက်ခိုက်ခံရမှုအတွက် သေနတ်သမားအား လိုက်လံဖမ်းဆီး

တူရကီနိုက်ကလပ် တိုက်ခိုက်ခံရမှုအတွက် သေနတ်သမားအား လိုက်လံဖမ်းဆီး

တူရကီရဲတွေဟာ နိုက်ကလပ်ထဲမှ လူပေါင်း ၃၉ဦးကို သတ်ဖြတ်ခဲ့သော သေနတ်သမားအား လိုက်လံဖမ်းဆီးနေ ကာ အီစတန်ဘူလ်မြို့၌ ရုတ်တရက် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ယခုအချိန်အထိ လူပေါင်း ၁၂ဦးကို ဖမ်းဆီးထားခဲ့ ကြောင်းသိရသည်။

လက်ထောက်ဝန်ကြီးချုပ် Numan Kurtulmus က အာဏာပိုင်တွေဟာ လက်ဗွေရာများနှင့် အခြေခံရုပ်သွင်ပြင် ဖော်ချက်များရှိထားပြီး သံသယရှိသူအား အရှိန်မြှင့်တင်၍ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တုန်းက Reina နိုက်ကလပ်ထဲ၌ သေနတ်သမားတိုက်ခိုက်ခဲ့ချိန်တွင် ပျော်ရွှင်ကခုန်နေသူ ပေါင်း ၆၀၀ခန့်ရှိခဲ့ကြောင်း သိရသည်။ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ အိုက်အက်စ်တို့ကတော့ သူတို့ဟာအဆို ပါတိုက်ခိုက်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေဖြစ်ကြောင်း ပြောခဲ့သည်။

တူရကီ မီဒီယာများကတော့ အာဏာပိုင်တွေဟာ ကျူးလွန်သူမည်သူမည်ဝါဖြစ်သည်ဆိုတာကို သိထားပြီး ဖြစ်ပေမယ့် ပြည်သူများအား ထုတ်ပြန်မကြေညာရသေးကြောင်း သတင်းတင်ပြခဲ့သည်။

တူရကီရဲများကလည်း သံသယရှိသူရဲ့ ရုပ်ပုံအသစ်များကို ဖြန့်ဝေခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly