၀က်စ်ဟမ်းတွင် ပေယက်ဆက်ရှိရန် သေချာကြောင်း နည်းပြဘီလစ်ပြော

၀က်စ်ဟမ်းတွင် ပေယက်ဆက်ရှိရန် သေချာကြောင်း နည်းပြဘီလစ်ပြော

ဇန််နဝါရီ ၃၊ အင်္ဂလန် ။          ။ ၀က်စ်ဟမ်းအသင်း၏နည်းပြ ဘီလစ်က ပြင်သစ်ကွင်းလယ်တောင်ပံကစားသမား ပေယက်မှာ အသင်းတွင် ဆက်ရှိနေရန် သေချာကြောင်း ပြောဆိုလိုက်သည်။

ပေယက်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလကမှ ၀က်စ်ဟမ်းအသင်းနှင့် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သော်လည်း ၎င်းကို အခြားကလပ်အသင်းများက ခေါ်ယူရန် ချိတ်ဆက်မှုများရှိနေခဲ့သည်။ ယခုတစ်ပတ်တွင် မာဆေးလ်အသင်းက ပေယက်ကို များပြားလှသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၀က်စ်ဟမ်းနည်းပြဘီလစ်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

‘ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားကို ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုတာကို ရာသီအစကတည်းက ပြောခဲ့ပြီးပါပြီ။ ပေယက်ဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားဆိုတာ သေချာပြီး သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။

အသင်းအတွက် သူ့ရဲ့ လုပ်နိုင်စွမ်းအားနဲ့အရည်အချင်းကို ပြသခဲ့ပြီးပါပြီ။ မန်ယူနဲ့ပွဲမှာ သူကောင်းကောင်းကစားနိုင်ခဲ့သလို အရင်ပွဲတွေကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ သူတော်တော်လေးကြိုးစားပါတယ်’ ဟု ၀က်စ်ဟမ်းနည်းပြ ဘီလစ်က ပြောဆိုခဲ့သည်။

ပေယက်သည် ယခုနှစ်ရာသီတွင် ၀က်စ်ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းယူထားသည်။

ရည်ညွှန်း ဖိုးဖိုးတူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly