ဆန်းဒါးလန်းနှင့်ပွဲတွင် ကစားသမားများ နားချင်ပါက နားရန် အခွင့်ရေးပေးခဲ့သည်ဟု ကလော့ပ်ပြော

ဆန်းဒါးလန်းနှင့်ပွဲတွင် ကစားသမားများ နားချင်ပါက နားရန် အခွင့်ရေးပေးခဲ့သည်ဟု ကလော့ပ်ပြော

ဇန်နဝါရီ ၃၊ လီဗာပူးလ်။                  ။ ကစားသမားများအနေဖြင့် ပင်ပန်းလွန်းနေလျှင် ဆန်းဒါးလန်းနှင့်ပွဲတွင် အနားယူနိုင်ကြောင်း ခွင့်ပေးခဲ့သော်လည်း မည်သူမှ အနားမယူချင်ခဲ့ကြဟု လီဗာပူးလ်နည်းပြကလော့ပ်က ပြောသည်။

လီဗာပူးလ်အသင်းသည် မန်စီးတီးကိုအနိုင်ရပြီး ၄၄ နာရီအတွင်း ဆန်းဒါးလန်းနှင့်ကစားခဲ့ရပြီး နှစ်ဂိုးစီသရေကျခဲ့သည်။ “တကယ်လို့ မကစားချင်ဘူးဆိုရင် ကျွန်တော့်ကိုလာပြောပါ။ အနားပေးထားမယ်။ ဘယ်သူ့ကိုမှလည်း ပြန်မပြောပါဘူးလို့ ကစားသမားတွေကို ကျွန်တော်ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်သူမှ ကျွန်တော့်ဆီရောက်မလာခဲ့ပါဘူး။ ကောင်းတဲ့အရာတစ်ခုပေါ့”ဟု ကလော့ပ်က ပြောသည်။ ပွဲနေ့အစီအစဉ် တင်ဆက်သူ မာတင်ကီယွန်က ကလော့ပ်ကိုယ်တိုင် ပင်ပန်းသည့်ပုံပေါက်နေသည်ဟု ပြောဆိုသည်။

 “ပွဲအရှိန်မြင့်တာက သူတို့ကို ပင်ပန်းစေတယ်။ သူတို့အတွက် ကောင်းမွန်တဲ့ ပထမအကျော့ ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ဗုဒ္ဓဟူးနေ့မှာ စပါးကိုချယ်လ်ဆီးနိုင်သွားရင် ရှစ်မှတ်ပြတ်သွားတော့မယ်”ဟု အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန်က ပြောသည်။

ကလော့ပ်ကလည်း “ကျွန်တော်ဘာမြင်ခဲ့လဲဆိုတာကို အတိအကျ မသိပါဘူး။ ပြန်လည်းမရှင်းပြတတ်ဘူး။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီလိုအနားယူချိန်မျိုးနဲ့ ပိုကောင်းအောင်ကစားနိုင်မလားတော့ မသေချာဘူး”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly