ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုကို အာစင်ဝင်းဂါး ဝေဖန်

ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုကို အာစင်ဝင်းဂါး ဝေဖန်

ဇန်နဝါရီ ၃၊ လန်ဒန်။                   ။  ပွဲကြပ်ကာလအတွက် ပရီးမီးယားလိဂ ်ပွဲစဉ်ဇယားရေးဆွဲထားပုံကို အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ဝေဖန်လိုက်ပြီး ၎င်း၏ နှစ် ၂၀ သက်တမ်းအတွင်း အဆိုးဆုံးဖြစ်သည်ဟု ယုံကြည်နေသည်။

ခရစ္စတယ်ပဲလေ့စ်ကို တနင်္ဂနွေနေ့တွင်အနိုင်ရခဲ့သည့် အာဆင်နယ်အသင်းသည် အင်္ဂါနေ့တွင် ဘုန်းမောက်နှင့်ကစားရပြီး စနေနေ့ကတည်းကပွဲကစားထားသော ပရီးမီးယားလိဂ် ဦးဆောင်သူ ချယ်လ်ဆီးအသင်းမှာမူ နောက်ပွဲကို ဗုဒ္ဓဟူးနေ့မှ ကစားရမည်ဖြစ်သည်။

“နှစ် ၂၀ အတွင်း ကျွန်တော်မြင်ဖူးတဲ့ခရစ္စမတ်ကာလပွဲစဉ်ဇယားတွေထဲမှာ ဒီနှစ်က အဆိုးဆုံးဖြစ်ပါတယ်။ အနားရတဲ့ကာလ မတူညီမှုက ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။ တခြားအသင်းတွေ နဲ့နှိုင်းယှဉ်လိုက်ရင် ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး”ဟု အာစင်ဝင်းဂါးက ပြောသည်။

မက်မောလောက်ဖွယ် ရုပ်သံစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည့် ပရီးမီးယားလိဂ်နှင့် ပတ်သက်၍လည်း အာစင်ဝင်းဂါးက “ပရီးမီးယားလိဂ် ဟာ ပွဲစဉ်ဇယားရေးဆွဲတဲ့နေရာမှာ အထူးကျွမ်းကျင်လား ဆိုတာကို ကျွန်တော်မသိတော့ပါဘူး။

ရုပ်သံတွေက ပွဲတွေကိုရွေးကြတာ ကျွန်တော်တို့လက်ခံရမှာပါ။ ဒါပေမဲ့ ကျွန်တော်စောစောကပြောခဲ့သလိုပဲ တစ်ချို့အသင်းတွေ ကျတော့ ကျန်တဲ့အသင်းတွေထက် ကံပိုကောင်းနေကြတယ်”ဟု   ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly