ထိုင်းတွင် မီနီဗင်ကားနှင့် ပစ်ကပ်ထရပ်ကားတို့ တိုက်မိ မီးလောင်မှုဖြစ်ရာမှ လူ ၂၅ ဦးသေဆုံး

ထိုင်းတွင် မီနီဗင်ကားနှင့် ပစ်ကပ်ထရပ်ကားတို့ တိုက်မိ မီးလောင်မှုဖြစ်ရာမှ လူ ၂၅ ဦးသေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၂ ။            ။ ထိုင်းနိုင်ငံ ချောင်ဘူရီပြည်နယ် ဘန်ဘန်းခရိုင်ရှိ အဝေးပြေးလမ်းတစ်နေရာတွင် ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက ယာဉ်နှစ်စီး တိုက်မှုဖြစ်ကာ မီးလောင်ရာမှ သုံးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူပေါင်း ၂၅ဦး သေဆုံးသည်။

အရှေ့ဖက်သို့ ဦးတည်မောင်းနှင်နေသည့် ခရီးသည် ၁၂ ဦး လိုက်ပါသော ပစ်ကပ်ထရပ်ကားနှင့် တစ်ဖက်လမ်းမှ ဗင်ကားတို့ တိုက်မိရာမှ မီးလောင်ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ချန်သာဘူရီမှ ဘန်ကောက်သို့ မောင်းနှင်လာသော ဗင်ကားတွင် ခရီးသည် ၁၅ ဦး လိုက်ပါခဲ့ခြင်းဖြစ်သည်။ ဗင်ကား၏ ယာဉ်မောင်းဖြစ်သူက နေ့လယ် ၂ နာရီ ၁၄ မိနစ်က တိုက်မိကြခြင်းဖြစ်ကြောင်း ပြောသည်။

ထရပ်ကားမှ ဆယ့်တစ်ဦးနှင့် ဗင်ကားမှ သုံးနှစ်ကလေးငယ်အပါအဝင် ဆယ့်လေးဦး သေဆုံးခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

ယာဉ်ထိန်းရဲအဖွဲ့က တွစ်တာတွင် အတည်ပြုရေးသားရာ၌လည်း သေဆုံးသူဦးရေမှာ ထိုနှုန်းထားအတိုင်းပင်ဖြစ်သည်။

ယာဉ်နှစ်စီးစလုံးမှ အသက်ရှင်ရစ်သူ နှစ်ဦးကိုလည်း ဆေးရုံသို့ တင်ပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly