နာဂဒေသတွင် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိဟု ပြော

နာဂဒေသတွင် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိဟု ပြော
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မုံရွာ၊ ဇန်နဝါရီ ၂။ ။              ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိ၊  ရပ်တန့်လျက်ရှိကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကယ်က ပြောသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း ၄နှစ်၊ ၅နှစ်ခန့် ရပ်တန့်နေပြီး စည်ပင်သာယာမှ လုပ်ဆောင်ခြင်းမရှိဟု ၄င်းကပြောဆိုသည်။

စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်မှုမရှိခြင်းကြောင့် ဒေသတွင် လမ်းများပျက်စီးခြင်း၊ ရေနုတ်မြောင်းများ ပျက်စီးခြင်း၊ မြေပြိုမှုများ ဖြစ်ပွားခြင်းတို့ကြောင့် လူနေအိမ်တစ်ချို့ ပြောင်းရွှေ့ခဲ့ရမှု တို့လည်း ရှိခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

"အခြားမြို့နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် နာဂဒေသမှာတော့ စည်ပင်သာယာဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ဖို့ ၄၊ ၅နှစ်ခန့် ရပ်တန့်နေခဲ့ပါတယ်" ဟု စည်ပင်သာယာ၏ လုပ်ဆောင်မှုပျက်ကွက်ခြင်းအား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကယ်က ပြောသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေရှီး၊ လဟယ်၊ နန်းယွန်း (၃)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်ခွဲ(၈)ခု ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly