DRကွန်ဂိုသမ္မတ ဂျိုးဆက်ကာဘီလာ၏ အုပ်ချုပ်မှု အဆုံးသတ်ရန် သဘောတူညီမှု ရရှိ

DRကွန်ဂိုသမ္မတ ဂျိုးဆက်ကာဘီလာ၏ အုပ်ချုပ်မှု အဆုံးသတ်ရန် သဘောတူညီမှု ရရှိ

ဒီမိုကရက်တစ်ရီပတ်ဘစ်ကွန်ဂိုနိုင်ငံတွင် ၁၅နှစ်ကျော်ကြာအုပ်ချုပ်ခဲ့သူ သမ္မတဂျိုးဆက်ကာဘီလာ၏ အုပ်ချုပ်မှု အဆုံးသတ်ရန်အတွက် သဘောတူညီကြောင်း လက်မှတ်ထိုးပြီးဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်းသမ္မတ ဖြစ်သူကိုယ်တိုင်ကတော့ ထိုသဘောတူညီချက်ထဲမှာ သူကိုယ်တိုင် လက်မှတ်မထိုးရသေးကြောင်းလည်း သိရ ပါသည်။

အကြီးတန်းဝန်ကြီးများဟာ အဆိုပါသဘောတူညီချက်အတွက် ထောက်ခံအားပေးထားပြီး သဘောတူညီချက် အရ သမ္မတကာဘီလာဟာ ရွေးကောက်ပွဲမကျင်းပမီ ၂၀၁၇နှစ်ကုန်အထိ ယခုရာထူးမှာ ဆက်လက်ရှိနေမှာဖြစ် ကြောင်းသိရပါသည်။

DR ကွန်ဂိုနိုင်ငံဟာ မစ္စတာကာဘီလာက သူ၏ အုပ်ချုုပ်ခွင့်ကုန်ဆုံးမှာဖြစ်သော ဒီဇင်ဘာလအစောပိုင်းတုန်းက ရာထူးမှဖယ်ပေးရန် ပျက်ကွက်ခဲ့မှုကြောင့် ပဋိပက္ခများကိုကြံုတွေ့နေခဲ့ရတာ ဖြစ်ပါသည်။

ရွေးကောက်ပွဲဟာပြီးခဲ့သော နို၀င်ဘာလကတည်းက ကျင်းပခဲ့ရမှာဖြစ်ပြီး အဲ့ဒီကတည်းက ဆန္ဒပြပွဲတွေကြောင့် လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရပါသည်။

ငွေကြေးနှင့်ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကို အကြောင်းပြ၍ ရွေးကောက်ပွဲကော်မရှင်က မဲပေးမည့် အချိန်ဇယားကို ပယ်ချခဲ့ပြီးနောက် မစ္စတာကာဘီလာက အဖွဲ့ဝင် ရ၄ဦးပါ၀င်သည့် အသွင်ကူးပြောင်းရေးအစိုးရ ကိုဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကိုလာမည့် ၂၀၁၈ခုနှစ်တွင်ကျင်းပမည်လို့ ပြောကြားခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags