မောင်တောမြို့နယ်မှ ရာအိမ်မှူး ၁ ဦး ထပ်မံပျောက်ဆုံးဟု သတင်းထုတ်ပြန်

မောင်တောမြို့နယ်မှ ရာအိမ်မှူး ၁ ဦး ထပ်မံပျောက်ဆုံးဟု သတင်းထုတ်ပြန်

ဇန်နဝါရီ ၁၊ ၂၀၁၇ ။           ။ မောင်တောမြို့နယ် တူလာတူလီကျွန်းကျေးရွာမှ ရာအိမ်မှူး တစ်ဦး ဒီဇင်ဘာ ၃၀ ရက် ညပိုင်းတွင် ပျောက်ဆုံးသွားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ တူလာတူလီကျွန်းကျေးရွာမှ ရာအိမ်မှူး လာလူမျာ သည် ဒီဇင်ဘာ ၃၀ရက် ည ရနာရီက ကျေးရွာလုံခြုံရေးအတွက် လာရောက်ဆောင်ရွက်သော မင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းအား ရွာထိပ်သို့ လိုက်ပိုု့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ယင်း ရာအိမ်မှူးပျောက်ဆုံးမှုအား ဒီဇင်ဘာ ၃၁ ရက် ၁၀ နာရီအချိန်တွင် မင်းကြီးကျေးရွာ ရဲကင်း စခန်းသို့ လာရောက်အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိသည််ဟု သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ဂွဆုံကျေးရွာနေ ဘင်္ဂါလီ ရာအိမ်မှူး အန်နာမူလာသည် အလုပ်ကိစ္စဖြင့် ဂွဆုံ အလယ်ကျေးရွာသိုု့ သွားရောက်စဉ် လမ်း၌ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ထားသူ ၆ ဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ရွာအရှေ့ဘက်ရှိ မေယုတောင်ကြောပေါ်သို့ ကြိုးတုပ်ခေါ်ဆောင်သွားသည်ဟု သတင်းများတွင် ပါရှိသည်။

ယခုလက်ရှိတွင် ရာအိမ်မှူး တစ်ဦးပျောက်ဆုံးပြီး ရာအိမ်မှူးတစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly