ပျောက်ဆုံးနေသည့် ရှေးဟောင်းဆင်းတုတော် ခြံုအတွင်းမှ ပြန်တွေ့

ပျောက်ဆုံးနေသည့် ရှေးဟောင်းဆင်းတုတော် ခြံုအတွင်းမှ ပြန်တွေ့
(ဓါတ်ပုံ-Tun Tun Win fb)

မုံရွာ၊ ဇန်နဝါရီ ၁ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် တွင်းမကျေးရွာရှိ သဒ္ဓမ္မနန္ဒိရာမ ကျောင်းတိုက်အတွင်းမှ ပျောက်ဆုံးနေသည့် ရှေးဟောင်းဘုရား ဆင်းတုတော်တစ်ဆူ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ခြံုပုတ်အတွင်းမှ ပြန်လည် တွေ့ရှိခဲ့သည်။

"မနက် ၈ နာရီလောက်က ခြံုထဲကနေတွေ့တာ၊ ခိုးယူသွားပြီးတော့မှ ဆက်သယ်လို့မဖြစ်တဲ့အခြေအနေမို့ ထားခဲ့ဟန်တူတယ်" ဟု ကနီမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆင်းတုတော်မှာ တင်ပြင်ခွေလျှက်ဘုရား ရုပ်ထုအား ဆင်သုံးကောင်ခံလျှက်နှင့် သဏ္ဍန်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါရှေးဟောင်းဘုရားဆင်း တုအား မူလထားရှိရာ သဒ္ဓမ္မနန္ဒိရာမ ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ပူဇော်ထားပြီး ခိုးယူခံရမှု ထပ်မံမဖြစ်ပွားစေရန် အတွက် လုံခြံုရေး တိုးမြှင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly