ချန်ပီယံသွင်ပြင်လက္ခဏာကို ချယ်လ်ဆီးပြနေသည်ဟု ကွန်တီယုံကြည်နေ

ချန်ပီယံသွင်ပြင်လက္ခဏာကို ချယ်လ်ဆီးပြနေသည်ဟု ကွန်တီယုံကြည်နေ

ဇန်နဝါရီ ၁၊ လန်ဒန်။        ။ ၁၃ ပွဲဆက်နိုင်ပွဲအဖြစ် စတုခ်စီးတီးကို အနိုင်ယူပြီးနောက် ချယ်လ်ဆီးအသင်းသည် ချန်ပီယံသွင်ပြင်လက္ခဏာကိုပြသနေသည်ဟု နည်းပြကွန်တီက ယုံကြည်နေသည်။

ချယ်လ်ဆီးအသင်း၏ ဦးဆောင်ဂိုးများကို စတုခ်အသင်းကနှစ်ကြိမ်တိုင်ချေပနိုင်ခဲ့သေးသော်လည်း ဝီလျံနှင့် ဒီယေဂို ကော်စတာ တို့က အနိုင်ဂိုးများကိုသွင်းယူနိုင်ခဲ့ကြ၍ ပရီးမီးယားလိဂ်ဇယားထိပ်မှ ချယ်လ်ဆီးတို့မှာ ၁၃ ပွဲဆက်နိုင်ပွဲ ရသွားခဲ့သည်။

ယင်းနိုင်ပွဲကြောင့် ချယ်လ်ဆီးအသင်းသည် ၂၀၀၂ က အာဆင်နယ်အသင်းတင်ရှိထားသည့် ပရီးမီးယားလိဂ် ၁၄ ပွဲဆက် နိုင်ပွဲ ရသည့်စံချိန်ကိုလိုက်မီရန် တစ်ပွဲသာလိုတော့သည်။

“ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ ချန်ပီယံအသင်းရဲ့ပုံစံကိုပြနိုင်ခဲ့သလားဆိုရင် သေချာပေါက် ပြနိုင်ခဲ့တယ်လို့ဆိုရမှာပဲ။ ဦးဆောင်ဂိုး သွင်းတယ်၊ ချေပဂိုးပြန်ပေးရတယ်။ တစ်ခါ ဦးဆောင်ဂိုး ထပ်သွင်းတယ်။ ချေပဂိုးပြန်ပေးရပြန်တယ်။ ဒီလိုအခြေအနေကနေ တကယ်ဆိုရင် ပြန်လာဖို့မလွယ်ဘူး။

ကျွန်တော်ကဘောလုံးသမားဖြစ်ခဲ့ဘူးတော့ အဲဒါ မလွယ်ဘူးဆိုတာသိတယ်။ ပွဲချိန်ကိုကြည့်လိုက်တော့လည်း နိုင်အောင်ကစားဖို့ မိနစ်သိပ်မကျန်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေကဟာ ဦးဆောင်ဂိုးကို အံ့မခန်းရှာဖွေနိုင်ခဲ့ပြီး နိုင်ပွဲနဲ့လည်း သူတို့ ထိုက်တန်ခဲ့ပါတယ်”ဟု ကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းသည် စတုခ်စီးတီးကို ၄-၂ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ကာဟေးလ် တစ်ဂိုး၊ ဝီလျံ နှစ်ဂိုးနှင့် ဒီယေဂိုကော်စတာ တစ်ဂိုး သွင်းယူခဲ့သည်။

စတုခ်စီးတီးနည်းပြမာ့ဟုချ်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့သာ အပြိုင်လုကြရလိမ့်မည်ဟု ယုံကြည်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly