ကျောက်ကပ်မှောင်ခိုရောင်းဝယ်သူ ၁၆ဦးအား တရုတ်နိုင်ငံတရားရုံးမှ ထောင်ဒဏ်ချမှတ်

ကျောက်ကပ်မှောင်ခိုရောင်းဝယ်သူ ၁၆ဦးအား တရုတ်နိုင်ငံတရားရုံးမှ ထောင်ဒဏ်ချမှတ်

နိုင်ငံတော်သတင်းဌာနရဲ့အဆိုအရ လူပေါင်း၁၆ယောက်ကို တရားမဝင်ကျောက်ကပ်အစားထိုးကုသမှုတွင် ပါ၀င် ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် တရားရုံးမှ တစ်ဦးကိုထောင်ဒဏ် ၅နှစ်စီ ချမှတ်ခဲ့တယ်ဟု သိရပါသည်။

တရားရုံးရဲ့အဆိုအရ တရားခံများဟာ ကျန်းမာရေးလုပ်သားများဖြစ်ကြပြီး အင်တာနက်ကိုအသုံးပြုကာ ရောင်းသူ နဲ့ဝယ်သူများအား စပ်ဟပ်ပေးခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ပြောကြားခဲ့ပါသည်။ ဒါ့အပြင်တရားရုံးက အမိန့် ချမှတ်ခံရသူများထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်း လျှို့ဝှက်အစားထိုးကုသပေးခဲ့သော ဆရာဝန်နှစ်ဦး၊ သူနာပြု တစ်ဦး နှင့်မေ့ဆေးဆရာဝန်တစ်ဦးတို့ ပါ၀င်ခဲ့တယ်လို့ ပြောခဲ့ပါသည်။

အလှူရှင်ရှားပါးမှုဟာ ခန္ဓာကိုယ်တွင်းကလီစာရောင်းချတဲ့ မှောင်ခိုစျေးကွက်ကို အားကောင်းလာစေခဲ့ပါသည်။ တရုတ်နိုင်ငံရှန်ဒေါင်းမြို့နယ် ကျီနန်းမြို့ရှိ Lixia ခရိုင်တရားရုံးက လူနာတွေဟာ ကလီစာအရောင်းအဝယ် အတွက်အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၇၀၀၀ (တရုတ်ယွမ် ၄၀၀၀၀၀)ခန့်ပေးခဲရတယ်လို့ ပြောခဲ့ပါသည်။

တရုတ်နိုင်ငံဟာ သေဒဏ်ကျခံနေရသော အကျဉ်းသားများဆီမှ ကလီစာများအားထုတ်ယူကာ လိုအပ်နေသော လူနာရှင်များကို နှစ်ပေါင်းများစွာဖြည့်ဆည်းပေးနေခဲ့ပါသည်။ သို့သော်လည်း နိုင်ငံတကာရဲ့ပြစ်တင်ရှု့ချမှုများ ကြောင့် အဆိုပါအလေ့အထကို ၂၀၁၅အစကတည်းက ဖျက်သိမ်းခဲ့ပြီးပြီဖြစ်ကြောင်း တရုတ်နိုင်ငံမှ ပြောပါသည်။

အစိုးရရဲ့ တရားဝင် အလှူရှင်မှတ်ပုံတင်ခြင်း အစီအစဉ်ဟာ အောင်မြင်မှုများရှိနေသော်လည်း အစားထိုးကုသမှု အတွက်စောင့်ဆိုင်းနေသော လူနာအများအပြား ရှိနေဆဲဖြစ်ပါသည်။ တရုတ်နိုင်ငံရဲ့ ကလီစာအလှူရှင်နှုန်းဟာ တစ်ကမ္ဘာလုံးတွင် အနည်းဆုံးဖြစ်ပြီး လူတစ်သန်းလျှင် အလှူရှင် ၀.၆ နှုန်းထားသာရှိပြီး စပိန်နိုင်ငံ၏ လူတစ်သန်း လျှင် အလှူရှင် ၃၇ ဦးနှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန်ကိုနည်းပါးနေပါသည်။

တရုတ်လူမျိုးအများစုက ခန္ဓာကိုယ်ဟာ အထွဋ်အမြတ်ထားသင့်သော အရာဖြစ်သောကြောင့် မြေမြှုပ်လျှင်လည်း သူတို့၏ ဘိုးဘွားများကို လေးစားသမှုပြုသောအနေဖြင့် ပကတိအတိုင်းပဲ မြှုပ်သင့်သည်ဟု ယုံကြည်ကြပါသည်။

တရုတ်နိုင်ငံတွင် ခန္ဓာကိုယ်တွင်းကလီစာရောင်းချမှုကို လွန်ခဲ့သော၂၀၀၇ခုနှစ်ကတည်းက တားမြစ်ထားခဲ့ပါ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly