လက်ရှိအသင်းကို စိတ်ရှည်ကြရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာတိုက်တွန်း

လက်ရှိအသင်းကို စိတ်ရှည်ကြရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာတိုက်တွန်း

ဇန်နဝါရီ ၁၊ မန်ချက်စတာ။            ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ တွင် လီဗာပူးလ်အသင်းအားရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ၄င်းတို့အသင်းကို စိတ်ရှည်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းကိုရှုံးနိမ့်ခဲ့ရခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့် ၁၀ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်သည်။ သို့သော် ဂွါဒီယိုလာမှာ လက်ရှိအခြေအနေကို အကောင်းမြင်နေဆဲဖြစ်ပြီး လက်ရှိအသင်းနှင့် အလုပ်လုပ်ကိုင်ရသည်ကို ကျေနပ်ကြောင်း ပြောသည်။

‘ဒီမှာက ယှဉ်ပြိုင်စရာပြိုင်ပွဲတွေများလွန်းပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့။

တစ်လ၊ နှစ်လလောက် ကစားပြီးသွားရင်တော့ ကျွန်တော်တို့ဘယ်ပြိုင်ပွဲကို ဦးစားပေးရမလဲဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

လက်ရှိအသင်းနဲ့ အလုပ်လုပ်ရတာကို ကျေနပ်ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အားရပါတယ်။ လက်ရှိအခြေအနေက လူတိုင်းအတွက် အခြေအနေသစ်တစ်ခုပါ။ အသင်းတစ်သင်းအခြေကျဖို့က တစ်ခါတစ်လေမြန်နိုင်သလို တစ်ခါတစ်ရံမှာ အချိန်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တေ်ာ့နည်းပြဘဝမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့လာမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ကစားဖို့ ပွဲတွေအများကြီး ကျန်ပါသေးတယ်။ အားလုံးစိတ်ရှည်ရှည်နဲ့ ဆက်လက်လျှောက်လှမ်းကြပါ’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းမှာ လာမည့်ကြားရက်တွင် အက်ဖ်အေဖလားတတိယအဆင့်အဖြစ် ၀က်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly