ဂျာမနီဝန်ကြီးချုပ်မာကယ်က အစ္စလာမ်မစ်အကြမ်းဖက်မှုများက အကြီးဆုံးစိန်ခေါ်မှုဟု နှစ်သစ်ကူးမိန့်ခွန်းပြော

ဂျာမနီဝန်ကြီးချုပ်မာကယ်က အစ္စလာမ်မစ်အကြမ်းဖက်မှုများက အကြီးဆုံးစိန်ခေါ်မှုဟု နှစ်သစ်ကူးမိန့်ခွန်းပြော

ဘာလင်၊ ဒီဇင်ဘာ ၃၁ ။              ။ အစ္စလာမ်မစ်အကြမ်းဖက်မှုများသည် ဂျာမနီနိုင်ငံရင်ဆိုင်နေရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က   နှစ်သစ်ကူး မိန့်ခွန်း၌ ပြောကြားလိုက်သည်။

တူနီရှားမှ နိုင်ငံရေးခိုလှုံသူတစ်ဦးကျုးလွန်သော ဘာလင်စျေးတွင် ထရပ်ကားဖြင့် လိုက်လံဝင်တိုက်ကာ တိုပ်ခိုက်ခဲ့မှုကို ရည်ညွန်းလျက် မာကယ်က အကာအကွယ်စောင့်ရှောက်မှုတောင်းခံထားသူက ယခုလို ကိုယ်တိုင်အကြမ်းဖက်မှု ကျုးလွန်သည်ဆိုခြင်းမှာ ခြောက်ခြားဖွယ်ပင်ဖြစ်ကြောင်း ပြောသည်။

၂၀၁၆ ခုနှစ်က ပြင်းထန်သည့်စမ်းသပ်ခံနှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်းလည်း မာကယ်က ပြောသည်။

သို့သော်လည်း ဂျာမနီအနေဖြင့် ကျော်လွှားနိုင်မည်သာဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

"ကျွန်မတို့ရှင်သန်လုပ်ကိုင်နေစဉ်မှာပဲ အကြမ်းသမားတွေကို ပြောနေမယ်။ ကျွန်မတို့ဟာ လူသတ်သမားတွေအပေါ် အမုန်းတွေ ပြည့်နှက်နေတယ်ဆိုတာ။ ဒါပေမယ့် ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံကိုတော့ မပြောင်းလဲဘူး။ ကျွန်မတို့တွေဟာ လွတ်လပ်တယ်။ ကရုဏာထားတယ်။ ပွင့်လင်းကြတယ်။"ဟု မာကယ်က ပြောသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဘာလင်ခရစ္စမတ်စျေးအား တူနီရှားမှ နိုင်ငံရေးခိုလှုံသူ အန်းနက်စ်အမ်မရီဆိုသူက လူအုပ်အတွင်း ထရပ်ကားဖြင့် လိုက်လံဝင်တိုက် တိုက်ခိုက်ခြင်းကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags