စီရော်နယ်ဒိုကို တရုတ်ကလပ်က ကမ်းလှမ်းမှုကို ကွန်တီမေးခွန်းထုတ်

စီရော်နယ်ဒိုကို တရုတ်ကလပ်က ကမ်းလှမ်းမှုကို ကွန်တီမေးခွန်းထုတ်

ဒီဇင်ဘာ ၃၁၊ လန်ဒန်။                 ။ ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်စီရော်နယ်ဒို ကမ်းလှမ်းခံရသည်ဟု သတင်းထွက်ပြီးနောက် ကစားသမားများကို တရုတ်စူပါလိဂ်၏ ငွေကြေးအမြောက်အမြားဖြင့် ဆွဲဆောင်ကမ်းလှမ်းနေမှု နောက်ကွယ်မှ ကိုယ်ကျင့်တရားပိုင်းကို ချယ်လ်ဆီးနည်းပြကွန်တီက မေးခွန်းထုတ်လိုက်သည်။

အန်ဒရီ ဗီလာစ် ဘိုအာ့စ်နည်းပြနေသည့် တရုတ်စူပါလိဂ်အင်အားကြီး ရှန်ဟိုင်း အက်စ်အိုင်ပီဂျီအသင်းသည် ချယ်လ်ဆီးထံမှ အော်စကာကိုခေါ်ယူခြင်း၊ ရှန်ဟိုင်းရှင်ဟွာအသင်းသည် တိဗက်ဇ်ကို အံ့မခန်းစာချုပ်ဖြင့်ခေါ်ယူခြင်း စသည့် အပြောင်းအရွှေ့ များနောက်တွင် အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကလည်း အမည်မဖော်သည့်တရုတ်ကလပ်တစ်သင်းက စီရော်နယ်ဒိုကို ယူရိုသန်း ၃၀၀ ဖြင့်ကမ်းလှမ်းခဲ့သည်ဟု ပြောဆိုထားသည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင် စီရော်နယ်ဒိုသည် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းတွင် ဆက်ကစားရန် ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

သို့သော်လည်း စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရန် တရုတ်ကလပ်က ယူရိုသန်း ၃၀၀ ဖြင့် ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းကို ကွန်တီက မယုံကြည်နိုင်အောင်ဖြစ်နေသည်။

“မဖြစ်နိုင်ဘူး ထင်တယ်။ ပိုက်ဆံတွေ အများကြီးအကြောင်းကို ကျွန်တော်တို့ ပြောနေကြတယ်။ ကျွန်တော်မယုံချင်ဘူး။ ယုံချင်စိတ်လည်း မရှိဘူး။ ကျွန်တော်တို့ မမှန်တဲ့ ငွေပမာဏအကြောင်းကို ပြောနေကြတယ်ထင်လို့ပါ။

နောက်ဆုံး စာချုပ်တစ်ခုကို ကျွန်တော်တွေ့ခဲ့တယ်၊ တိဗက်နဲ့နောက်ဆုံးစာချုပ်။ ကျွန်တော်တို့ ပိုက်ဆံတွေအများကြီး အကြောင်းကို ပြောနေကြတယ်ထင်တယ်။ ဒီပုံစံကမ်းလှမ်းတာမျိုးက ယုံနိုင်စရာမရှိသလို ကစားသမားတွေအတွက်လည်း ငြင်းရ အရမ်းခက်လိမ့်မယ်။

ရိုးရိုးသားသားပြောတာပါ၊ အဲဒါအမှန်မဟုတ်နိုင်ဘူးထင်တယ်။ အဲဒါမဟုတ်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ ငွေဆိုတာ တန်ဖိုးထားရမှာလေ။ ပြီးတော့ ဒီလိုကမ်းလှမ်းမှု၊ ဒီလိုပုံစံကမ်းလှမ်းမှုမျိုးကို ကျွန်တော်သဘောမကျဘူး။ ဒီလိုအခြေအနေကို ထောက်လဲမထောက်ခံဘူး”ဟု ကွန်တီက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly