သံတမန်များ နှင်ထုတ်မှုကြောင့် နှစ်နိုင်ငံတင်းမာနေစဉ် ဒေါ်နယ်ထရမ့်က ပူတင်ကို ချီးကျုးစကားဆို

သံတမန်များ နှင်ထုတ်မှုကြောင့် နှစ်နိုင်ငံတင်းမာနေစဉ် ဒေါ်နယ်ထရမ့်က ပူတင်ကို ချီးကျုးစကားဆို

နယူးယောက်၊ ဒီဇင်ဘာ ၃၁ ။                      ။ အမေရိကန်က ရုရှသံတမန်များကို နိုင်ငံမှ နှင်ထုတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ရုရှသမ္မတ ပူတင်က တူသောတုံ့ပြန်မှု မလုပ်ဘဲရှိနေရာ အမေရိကန်   ရွေးကောက်ခံသမ္မတ  ဒေါ်နယ်ထရမ့်က ပူတင်အပေါ် ချီးမွှမ်းစကားပြောသည်။

“ပူတင်ရဲ့ နှောင့်နှေးမှု delay လုပ်ဆောင်ချက်က ထူးကဲတယ်။ သူဟာ သိပ်ခန့်ညားတဲ့သူလို့ ကျွန်တော် အမြဲသိထားတယ်။”ဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

ရုရှနိုင်ငံက တာဝန်မဲ့သော သံတမန်ရေးကို လုပ်ဆောင်မည်မဟုတ်ကြောင်းလည်း အစောပိုင်းက ဒေါ်နယ်ထရမ့်က ပြောဖူးသည်။

အမေရိကန်ရွေးကောက်ပွဲ၌ ဟက်ကာလုပ်ဆောင်မှုများ ရှိသည်ဆိုကာ ရုရှသံတမန် ၃၅ ဦးအား အမေရိကန်က နှင်ထုတ်သည်။ ဟက်ကာတိုက်ခိုက်မှုများတွင် လုံးလုံးပါ၀င်ခြင်းမရှိကြောင်း ရုရှက   ငြင်းဆန်သည်။

ဒေါ်နယ်ထရမ့်က ပူတင်အား ချီးကျုးရေးသားသည့် ပို့စ်ကို ၎င်းတွစ်တာအကောင့်၌ အထူးနေရာက ဖော်ပြထားခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းရေးသားချက်၌ delay ဆိုသော အသုံးအနှုန်းကို မည်သည်ကို ရည်ညွန်းသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly