ဒါဗင်ချီရဲ့ပန်းချီကားနှင့် အခြားနာမည်ကျော်ပန်းချီကားများကို လျှော့စျေးဖြင့်ရရှိခဲ့သည့် ပိုလန်နိုင်ငံ

ဒါဗင်ချီရဲ့ပန်းချီကားနှင့် အခြားနာမည်ကျော်ပန်းချီကားများကို လျှော့စျေးဖြင့်ရရှိခဲ့သည့် ပိုလန်နိုင်ငံ

ပိုလန်အစိုးရဟာ လီယိုနာဒိုဒါဗင်ချီရဲ့ နာမည်အကျော်ကြားဆုံးပန်းချီကားအပါအဝင် သီးသန့်စုဆောင်းထား သော အခြားတန်ဖိုးရှိပန်းချီကားများကို လျှော့စျေးဖြင့်ဝယ်ယူလိုက်နိုင်ပါသည်။

Krakow မြို့တွင်အခြေစိုက်ထားသော The Czartoryski အမည်ရှိ စုဆောင်းထားသည့်ပန်းချီပြခန်းထဲတွင် ဒါဗင်ချီ၏ အဖြူရောင်မြွေပါနှင့်အမျိုးသမီး အမည်ရှိနာမည်ကျော်ပန်းချီကားနှင့်အတူ ပန်းချီဆရာ Rembrandt ၏ လက်ရာများကိုသိမ်းဆည်းထားပါသည်။

ထိုပြခန်းထဲမှပန်းချီကားအားလုံး၏ တန်ဖိုးမှာခန့်မှန်းချေ ယူရို ၂ဘီလျံအထိတန်ကြေးရှိသော်လည်း ပိုလန်အစိုး ရက ယူရိုသန်း ၁၀၀ ထဲနှင့်ဝယ်ယူနိုင်ခဲ့ပါသည်။ ဒါဗင်ချီ၏ ပန်းချီကားတစ်ချပ်တည်းပင်လျှင် ယူရိုသန်း ၁၀၀ ထက် ပိုမိုတန်ဖိုးရှိသောကြောင့် အလွန်သက်သာသောစျေးနှုန်းဖြင့်ရရှိခဲ့ခြင်းဖြစ်ပါသည်။

Czartoryski ဖောင်ဒေးရှင်းရဲ့စီမန့်ခန့်ခွဲရေးဘုတ်အဖွဲ့ဝင်တွေကတော့ လျှော့စျေးဖြင့်ဝယ်ယူခဲ့မှုကို ဆန္ဒပြသ သည့်အနေဖြင့် ရာထူးမှနှုတ်ထွက်သွားခဲ့ကြပါသည်။

ဘုတ်အဖွဲ့၏အဆိုအရ ထိုရောင်းချမှုနှင့်ပက်သက်၍ ၄င်းတို့နှင့်ဆွေးနွေးခဲ့ခြင်းမရှိဘဲ ထိုပြခန်းကိုပိုင်ဆိုင်သည့် မိသားစု၏အကြီးအကဲဖြစ်သူ Adam Karol Czartoryski နှင့်သာ ပိုလန်ယဉ်ကျေးမှုဝန်ကြီးဌာနက ညှိုနှိုင်းခဲ့ သည်ဟု သိရပါသည်။

Mr Czartoryski ကတော့ သူဟာ ပိုလန်နိုင်ငံအတွက်ထောက်ပံ့ကူညီလိုတာကြောင့် အဆိုပါကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပြီး နိုင်ငံတော်အပေါ် ထိရောက်သောလှူဒါန်းမှုတစ်ခု   ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့ပါသည်။

သူက ဒါဟာ လှူဒါန်းမှုတစ်ခုအဖြစ်ခံစားရပြီး အခုလို ဆုံးဖြတ်ချက်ဟာလည်း သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပါ တယ်လို့ပြောကြားခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly