ငြိမ်ချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အဖွဲ့ " ဝ " နှင့် မိုင်းလားအဖွဲ့တို့နှင့် သွားရောက်တွေ့ဆုံ

ငြိမ်ချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အဖွဲ့ " ဝ " နှင့် မိုင်းလားအဖွဲ့တို့နှင့် သွားရောက်တွေ့ဆုံ

ချင်းမိုင်၊ ဒီဇင်ဘာလ ၃၀ ။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် " ဝ " ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် တွေ့ဆုံခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အထူးဒေသ (၄) အမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် - မိုင်းလားအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့သည် ယနေ့ညတွင် မိုင်းလား၌ ညအိပ်မည်ဖြစ်ပြီး ပန်ဆန်းမှ ထွက်ခွာလာပြီ ဖြစ်သော်လည်း မွန်လွဲ ၃ နာရီချိန်ထိ မိုင်းလားသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း မိုင်းလားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောသည်။

“သူတို့ စာမှာက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ဖွံ့ဖြိုးရေးကိစ္စတခုနဲ့ လာတာပါ။ ကျနော်တို့လည်း အဲဒီအတိုင်းပဲ ဆွေးနွေး သွားမှာဘဲ။ ခုထိတော့ ကျနော်တို့ သူတို့ကို သွားကြိုနေတာ မရောက်လာသေးဘူး” ဟု ဦးကြည်မြင့်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့သည် " ဝ " ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် ဒီဇင်ဘာလ ၂၉ ရက်က ပန်ဆန်းမြို့တွင်   တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အခြေအနေများနှင့် ပတ်သက်၍ UWSP ကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly