တိုင်းပြည် ငြိမ်းချမ်းရေးအတွက် UNFC နှင့် အရပ်ဖက်အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းသွားကြရန် သဘောထားများရရှိ

တိုင်းပြည် ငြိမ်းချမ်းရေးအတွက် UNFC နှင့် အရပ်ဖက်အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းသွားကြရန် သဘောထားများရရှိ

ချင်းမိုင်၊ ဒီဇင်ဘာလ ၃၀ ရက် ။        ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် အ ရပ်ဘက် လူ့အဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းသွားရန် အမြင်သဘောထားများ ရရှိခဲ့သည်ဟု UNFC  ၏ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်ကထိ သုံးရက်ကြာ ဆွေးဆွေးပွဲတွင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်နိုင် ခြင်း မရှိသော်လည်း ဘက်ပေါင်းစုံမှ ညှိနှိုင်းဆွေးနွေးချက်များအပေါ် ဆက်လက် ဝိုင်းဝန်း ရှာဖွေသွားနိုင်ရန် နည်းနာကောင်းများ၊ အကြံဉာဏ်များ ရရှိခဲ့သည်ဟု ဆိုသည်။

“ ဒီပွဲထဲမှာ ဆွေးနွေးတာက ငြိမ်းချမ်းရေးကိစ္စ တခုထဲ မဟုတ်ဘူး။ ဥပမာ မြေယာပြဿနာ၊ ပညာရေး၊ ကျန်း မာရေး၊ လုံခြံုရေး ဆိုင်ရာပြဿနာ ဘက်ပေါင်းစုံက အကြံဉာဏ်တွေ ကျနော်တို့ ဗဟုသုတ ရတယ်။ ကျနော် တို့ လည်း ကျနော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ မြင်တွေ့နေရတဲ့ အခက်အခဲအမြင်တွေ ဝေမျှနိုင်ခဲ့တယ်၊ ရလာတဲ့အပေါ် မှာ နည်းနာကောင်းတွေ ဆက်လက်ပြီးတော့ ဝိုင်းရှာသွားကြဖို့ပေါ့လေ” ဟု   ပြောသည်။

သုံးရက်ကြာ ဆွေးနွေးမှုတွင် တရားရေးပဏ္ဍိုင်နှင့် ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လုံခြံုရေး ကဏ္ဍ ပြုပြင်ပြောင်း လဲရေးနှင့် ရှေ့ အလားအလာ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် CSO အခန်းကဏ္ဍ၊ လက်ရှိ   နိုင်ငံရေးအပေါ် သုံးသပ် ခြင်း၊ ဒေသံတွင်းနှင့် နိုင်ငံတကာ မြန်မာ့အရေး လှုပ်ရှားမှု၊ သစ်တောကဏ္ဍနှင့် သဘောဝပတ်ဝန်းကျင်၊ အရပ် ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်းအကျင်း၊ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေးအခြေအနေ၊ သ ယံဇာတ စီမံခန့်ခွဲရေး၊ မြေယာမူဝါဒစသည့် ကဏ္ဍအသီးသီး၏ အခြေအနေများကို CSO, CBO အဖွဲ့အစည်းတို့က စာတမ်းများ တင်ပြခဲ့ကြသည်။

 “ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ အဓိကအကျဆုံးက အချက်က တရားဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ငြိမ်းချမ်းရး လည်း မရဘူး။ ဒီမိုကရေစီလည်း မရနိုင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း မဖြစ်နိုင်ဘူး။ အဲတော့ ကျနော်တို့ တကယ့်ကို အားကောင်းတဲ့ တရားစီရင်ရေးစနစ်တွေ၊ တရားဥပဒေ စိုးမိုးမှုဆိုတာ တရားရုံးတခု တည်းကို ပြောတာ မဟုတ်ဘူး။ အစိုးရ အဖွဲ့အစည်းအသီးသီး၊ တိုင်းသူပြည်သား အသီးသီးက အကုန်လုံးက ဥပဒေရဲ့ အောက်မှာ ရှိပြီးတော့ ဥပဒေနဲ့အညီ သွားရမယ်။ ဥပဒေနဲ့ မဆိုင်တဲ့ အဖွဲ့အစည်းက မြန်မာပြည်မျာ မရှိသင့်ဘူးဆိုတဲ့အချက်ကို အဓိက   ပြောတယ်”ဟု  မြန်မာရှေ့နေများကွန်ရက် ဦးစီးကော်မတီဝင် ဦးသိန်းသန်းဦးက  ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ စစ်ပြေးဒုက္ခသည် သိန်းနှင့်ချီရှိနေသဖြင့် ၄င်းတို့အတွက် စဉ်းစားကာ နိုင်ငံ တိုးတက် ကောင်းမွန်ရန်အတွက် အစွမ်းကုန်ကြိုးစားသွားကြရန်လည်း  UNFC  ဒုက္ကဌ နိုင်ဟံသာက တိုက်တွန်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly