တရုတ်ကလပ်မှ ရော်နယ်လ်ဒိုအတွက် ပေါင်သန်း ၂၅၀ နဲ့ ရီးယဲလ်အသင်းထံ အံ့အားသင့်ဖွယ် ကမ်းလှမ်း

တရုတ်ကလပ်မှ ရော်နယ်လ်ဒိုအတွက် ပေါင်သန်း ၂၅၀ နဲ့ ရီးယဲလ်အသင်းထံ အံ့အားသင့်ဖွယ် ကမ်းလှမ်း
(ဓာတ်ပုံ - အီးပီအေ)

အမည်ဖော်ပြထားခြင်း မရှိတဲ့ တရုတ်ကလပ်အသင်းမှ စီရော်နယ်လ်ဒိုအတွက် ပေါင်သန်း ၂၅၀ နဲ့ ရီးယဲလ်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ ပေါ်တူဂီကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်အရ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကတော့ နှစ်စဉ်လစာ ပေါင် ၈၅ သန်းအပါအဝင်ဖြစ်တဲ့ စာချုပ်ကို စိတ်ဝင်စားခြင်း မရှိဘူးလို့ အေးဂျင့် ဂျော့မန်ဒက်စ်က Sky Italia ကို ပြောပါတယ်။

"တရုတ်နိုင်ငံကနေ သူတို့ ယူရိုသန်း ၃၀၀ (ပေါင် ၂၅၇ သန်း)နဲ့ ရီးယဲလ်ဆီ ကမ်းလှမ်းခဲ့ပြီး ကစားသမားအတွက် တစ်နှစ် သန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းခဲ့ပါတယ်"လို့ ဂျော့မန်ဒက်စ်က ပြောပါတယ်။

"ဒါပေမယ့် ပိုက်ဆံဟာ အရာအားလုံး မဟုတ်ပါဘူး။ စပိန်ကလပ် [ရီးယဲလ်]ဟာ သူ့ရဲ့ ဘဝဖြစ်ပါတယ်"လို့ ဆိုပါတယ်။

ရှန်ဟိုင်းရှင်ဟွာအသင်းက တီဗက်ဇ်ကို ကမ္ဘာ့လစာငွေ အမြင့်ဆုံးနဲ့ ခေါ်ယူမှုအပြီးမှာ အခုလို ရော်နယ်လ်ဒိုကို ခေါ်ယုူမယ့် သတင်းတွေ အံ့အားသင့်ဖွယ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက ရီးယဲလ်မှာ ၂၀၂၁ ခုနှစ် ဇွန်လအထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာ သူ့အနေနဲ့  နောက်ထပ် ၁၀ နှစ်လောက် ကစားနိုင်သေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly