ပါကစ္စတန်ရှိ ဘာလိုချီစတန်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လက်သည်မပေါ်သည့် စွန့်ပစ်ရုပ်အလောင်းပေါင်း တစ်ထောင်နီးပါးရှိ

ပါကစ္စတန်ရှိ ဘာလိုချီစတန်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လက်သည်မပေါ်သည့် စွန့်ပစ်ရုပ်အလောင်းပေါင်း တစ်ထောင်နီးပါးရှိ

ကရာချိ၊ ဒီဇင်ဘာ ၂၉ ။               ။ ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့ဝင်များ သတ်ဖြတ်စွန့်ပစ်ခံရသည့် ရုပ်အလောင်းပေါင်းမှာ တစ်ထောင်နီးပါးရှိသည်။

လူအခွင့်အရေး ဝန်ကြီးဌာနက ရရှိသည့် ယင်းစာရင်းကိန်းဂဏန်းအရ တရားလက်လွတ် သတ်ဖြတ်ခြင်းများ မြင့်မားစွာဖြစ်ပွားနေခြင်းကို ပြသနေခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

အသတ်ခံစွန့်ပစ်ခံရသည့် သေဆုံးသူအများစုမှာ လုံခြံုရေးအေဂျင်စီများ၏ လက်ချက်ကြောင့်ဖြစ်ကြောင်း ဆွေမျိုးအသိုင်းအဝန်းများက ပြောသည်။

အစိုးရကမူ သတ်ဖြတ်စွန့်ပစ်ရုပ်အလောင်းများက သောင်းကျန်းသူအချင်းချင်းကြား ဖြစ်ပွားသည့် သတ်ဖြတ်မှုများဖြစ်သည်ဟု အပြစ်ဆိုသည်။

၂၀၀၇ ခုနှစ်၌ ခွဲထွက်ရေးသောင်းကျန်းသူတို့ အင်အားကောင်းလာချိန်ကစပြီး သဲလွန်စမကျန် အစရှာမရ ပျောက်ဆုံးသူဦးရေမှာလည်း ထောင်ပေါင်းများစွာရှိနေသည်။

ပြည်နယ်ရှိ သဘာဝရင်းမြစ်များအား ဝေစုပိုမိုရယူလိုသည့် တိုင်းရင်းနွယ်ဘာလို့စ်အုပ်စု၏ အုံကြွပုန်ကန်မှုများကို နှိမ်နင်းရန် စစ်တပ်ကဦးဆောင်လျက် ၂၀၀၅ ခုနှစ်ကစပြီး စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။

ဘာလိုချီစတန်တွင် ၂၀၁၁ ခုနှစ်ကစပြီး သတ်ဖြတ်စွန့်ပစ်ခံရသည့် ရုပ်အလောင်းပေါင်း ၉၃၆ လောင်းရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ပြည်နယ်ဝန်ကြီးရုံးအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags