သြစတြေးလျ၌ အကြီးမားဆုံး ကိုကင်းရှာဖွေဖမ်းဆီး ရရှိမှုအဖြစ် ကိုကင်း ၁၁၀၀ကီလိုဂရမ်ကိုရဲများ သိမ်းဆည်းရရှိ

သြစတြေးလျ၌ အကြီးမားဆုံး ကိုကင်းရှာဖွေဖမ်းဆီး ရရှိမှုအဖြစ် ကိုကင်း ၁၁၀၀ကီလိုဂရမ်ကိုရဲများ သိမ်းဆည်းရရှိ

ဒီဇင်ဘာ ၂၉ ။            ။ သြစတြေးလျနိုင်ငံ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးကိုကင်းရှာဖွေဖမ်းဆီးရရှိမှုအဖြစ် ကိုကင်း၁၁၀၀ကီလို ဂရမ်ကိုသိမ်းဆည်းရရှိပြီး အမျိုးသား၁၅ဦးကိုလည်း ထိုအမှုကိစ္စနှင့် ပက်သက်၍ တရားစွဲဆိုထားကြောင်း ရဲများ က ပြောကြားခဲ့ပါသည်။

သြစတြေးလျဒေါ်လာသန်း ၃၆၀လောက် ခန့်မှန်းတန်ဖိုးရှိသော အဆိုပါ မူးယစ်ဆေးများကို ရဲများက နှစ်နှစ်ကျော် ကြာလောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့အပြီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါသည်။ ရဲများက သူတို့ဟာ ခရစ္စ မတ်နေ့၌ ဆစ်ဒနီမြောက်ပိုင်း ဘရွတ်ကလင်းရှိ လှေတစ်စီးထဲတွင် ကိုကင်း၅၀၀ကီလိုဂရမ်ကိုရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်းပြောခဲ့ပါသည်။ ထို့နောက် Tahiti တွင် သြစတြေးလျနိုင်ငံထဲသို့ပို့ဆောင်ဖို့ဦးတည်နေသော ကိုကင်း ၆၀၀ကီလိုဂရမ်ကိုသိမ်းယူရရှိခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

“ဖမ်းဆီးရရှိခဲ့သောကိုကင်းပမာဏဟာ သြစတြေးလျနိုင်ငံ၏  မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုသမိုင်းတွင်အကြီးမားဆုံး သိမ်းဆည်းရရှိမှုဖြစ်တယ်” လို့ သြစတြေးလျလက်ထောက်ရဲမင်းကြီး Chris Sheehan က သတင်းထောက် များကိုပြောကြားခဲ့ပါသည်။ အဆိုပါမူးယစ်ဆေးဝါးများကို တောင်အမေရိကားတွင်ပြုလုပ်ခဲ့သည်ဟုယုံကြည်ရပါ သည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါမူးယစ်ဆေးဝါးအမှုထဲတွင် ရက်ဘီကစားသမားဟောင်းတစ်ဦးနှင့် Bondi မှစီးပွားရေးသမားတစ်ဦးတို့ပါ၀င်ပက်သက်နေသည်ဟု စွပ်စွဲထားမှုများရှိနေကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly