ပရီးမီးယားလိဂ်နည်းပြများပတ်သည့် ပေါင် ၄၀ တန်မှ ပေါင် ၄၅, ၀၀၀ တန်နာရီများ

ပရီးမီးယားလိဂ်နည်းပြများပတ်သည့် ပေါင် ၄၀ တန်မှ ပေါင် ၄၅, ၀၀၀ တန်နာရီများ

ဒီဇင်ဘာ ၂၉၊ လန်ဒန်။          ။ ပရီးမီးယားလိဂ်နည်းပြများ အချင်းချင်းကွင်းတွင် ပြိုင်ဆိုင်မှုတွင် ချယ်လ်ဆီးနည်းပြကွန်တီက အသာရနေသော်လည်း စတိုင်ကျ သည့် နာရီပတ်ဆင်မှုတွင်မူ ရှောင်ဒိုက်ချ်က အသာရနေသည်။

ကွန်တီသည် ပွဲနေ့များတွင် ပေါင် ၁၀, ၀၀၀ တန်နာရီပတ်လေ့ရှိပြီး ဘန်လေနည်းပြရှောင်ဒိုက်ချ်မှာမူ ပေါင် ၄၅, ၀၀၀ တန် ပတ်လေ့ရှိသည်ဟု ဒေးလီးမေးလ်က ဖော်ပြသည်။

ဒေးလီးမေးလ်၏သုတေသနပြုချက်တွင် ယခုတစ်ပတ် အစောပိုင်းတွင်မှ ရာထူးမှထုတ်ခံရသည့် ဆွမ်ဆီးနည်းပြ ဘရက်ဒလေမှာ ပေါင် ၄၀ တန် နာရီသည် ပတ်လေ့ရှိကြောင်း ဖော်ပြထားသည်။

နည်းပြများနှင့် ၎င်းတို့၏နာရီများ

အာစင်ဝင်းဂါး (ပေါင် ၈, ၃၅၀) အာဆင်နယ်

IWC Aquatimer Chronograph အမှတ်တံဆိပ် ‘Galapagos Islands’ အမျိုးအစားဖြစ်သည်။ ယင်းအမျိုးအစားမှာ ပစိဖိတ် သမုဒ္ဒရာအတွင်းမှ Galapagos Islands ကိုထိန်းသိမ်းစောင့်ရှောက်မှု အကူညီဖြစ်စေရန် ရည်ရွယ်ရောင်းချခြင်းဖြစ်သည်။

အက်ဒီဟိုဝီ (၃၉၉ ပေါင်) ဘုန်းမောက်

ကျော်ကြားသူများအကြားရေပန်းစားသည့် Apple Watch ဖြစ်ပြီး Star Wars ဒါရိုက်တာ ဂျေဂျေ အေဘရမ်၊ အဆိုတော် ဆမ် စမစ်နှင့် မင်းသား ဆိုင်မွန်ပက်တို့လည်း ပတ်ကြသည်။

ရှောင်ဒိုက်ချ် (ပေါင် ၄၅, ၀၀၀) ဘန်လေ

ဆွစ်နာရီ Patek Philippe အမျိုးအစားဖြစ်သည်။ အင်္ဂလန်ဘုရင်မကြီး ဗစ်တိုးရီးယားနှင့် ကြင်ယာတော်မင်းသား အဲလ်ဘတ် တို့သည် ၁၈၅၁ ကုန်စည်ပြပွဲတွင် ယင်းအမှတ်တံဆိပ်နာရီကို ဝယ်ယူခဲ့ကြဖူးသည်။

ကွန်တီ (ပေါင် ၁၀, ၀၀၀) ချယ်လ်ဆီး Rolex Daytona တံဆိပ်ဖြစ်သည်။ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်စွဲစဉ်က ချယ်လ်ဆီးကစားသမားများသည် ယင်းအမှတ်တံဆိပ် အထူးထုတ်ကို လက်ခံရရှိခဲ့ကြဖူးသည်။

ဆမ်အလာဒိုက်စ် (ပေါင် ၂၇, ရ၀၀) ခရစ္စတယ်ပဲလေ့စ် တိုက်တေနီယံဖြင့်ပြုလုပ်ထားသည့် နှင်းဆီ ရွှေရောင် Hublot Big Bang Unico chronograph ဖြစ်ပြီး အင်္ဂလန်နည်းပြတစ်ဦး ဖြစ်သည့် ရွိုင်းဟော့ဒ်ဆန်သည်လည်း ၆၆ နှစ်ပြည့်မွေးနေ့တွင် အကန့်အသတ်ဖြင့်သာထုတ်သည့် ယင်းအမှတ်တံဆိပ် နာရီကို လက်ဆောင်ရဖူးသည်။

ရော်နယ်ကိုးမန်း ( ၃၅, ၈၅၀ ပေါင်) အဲဗာတန်

ချောကလက်ရောင်မျက်နှာပြင်နှင့် Rolex Sky-Dweller ဖြစ်သည်။ ကိုးမန်းတို့ကဲ့သို့သော ခရီးများများသွားရသူများအတွက် ၂၀၁၂ တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

မိုက်ဖီလန် (ပေါင် ၈, ၉၀၀) ဟားလ်စီးတီး

Rolex Deep Sea Dweller ဖြစ်ပြီး အမှတ်ပေးဇယားအောက်တွင်ရောက်နေသည့် ဟားလ်စီးတီးကဲ့သို့သောအသင်း၏ နည်းပြတစ်ယောက်အတွက် သင့်တော်သည်။ ရေအောက် ပေ ၁၂, ၈၀၀ အထိ အလုပ်လုပ်နိုင်သည့် နာရီဖြစ်သည်။

ကလော်ဒီယို ရေနီယာရီ (ပေါင် ၄, ၀၀၀) လက်စတာ

TAG Heuer Carrera- Heuer 01 ဖြစ်သည်။ Inception ဇာတ်ကားထဲတွင် လီယိုနာဒို ဒီကာပရီယိုပတ်ဖူးသည်။

ဂျာဂန်ကလော့ပ် (ပေါင် ၄, ၀၀၀) လီဗာပူးလ်

IWC Pilots chronograph 377701 ဖြစ်ပြီး ကားသတင်းများတင်ဆက်သည့် နာမည်ကြီး ဂျရမီကလာ့ခ်ဆင်သည် The Grand Tour အစီအစဉ်၌ ပတ်ဖူးသည်။

ပက်ဂွာဒီယိုလာ (ပေါင် ၁, ၉၀၀) မန်ချက်စတာစီးတီး

Cimier QNETCity Automatic ဖြစ်သည်။ ၁၈၈၀ မန်ချက်စတာစီးတီးအမှတ်တံဆိပ်နာရီသည် အသင်းစတင် တည်ထောင်သည့်နှစ်ကို ကိုယ်စားပြုထုတ်လုပ်ထားခြင်းဖြစ်သည်။

ဟိုဆေး မော်ရင်ဟို (ပေါင် ၂၅, ၀၀၀) မန်ချက်စတာယူနိုက်တက်

Hublot Big Bang Unico Bi-retrograde Chrono (2014 FIFA model) ဖြစ်သည်။ မာရာဒိုနာပတ်ခဲ့ခြင်းမရှိသော်လည်း ဘုရားပေးသည့်လက်ပိုင်ရှင်၏ လက်ကောက်ဝတ်ကို ပိုမိုဆွဲဆောင်မှုရှိစေမည့် အမှတ်တံဆိပ်ပင်ဖြစ်သည်။

အိုင်တာခရန်ကာ (ပေါင် ၁၀, ၀၀၀) မစ်ဒယ်ဘရော့

Rolex Daytona ဖြစ်သည်။ ယင်းနာရီပတ်သည့်သုံးယောက်အနက် ခရန်ကာက တစ်ယောက်အပါအဝင်ဖြစ်ပြီး နောက်ထပ် နှစ်နှစ်အတွင်း မော်ဒယ်အသစ်အတွက် ဝယ်ယူရနိုင်မည်မဟုတ်ပေ။

ကလော့ပွဲ (ပေါင် ရ, ၉၀၀) ဆောက်သမ်တန်

IWC Portofino Hand Wound Eight Days 45mm ဖြစ်သည်။ ယင်းမော်ဒယ်အတွက် ၂၀၁၁ တွင် မိတ်ဆက်စဉ်က ပြင်သစ်တစ်နိုင်ငံတည်းသား ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ကူညီပေးခဲ့ဖူးသည်။

မာ့ခ်ဟုချ် (၃၃၉ ပေါင်) စတုခ်စီးတီး

Polar V800 ဖြစ်သည်။ ဟုချ်တွင် အခြားနာရီအမျိုးအစားရှိသေးသော်လည်း ဖက်ရှင်ထက် ကြံ့ခိုင်မှုအတွက် ပိုမိုအသုံးပြုနေခြင်း ဖြစ်သည်။ အင်္ဂလိပ်ရုပ်သံတင်ဆက်သူ ဒေဗီနာမက်ကော အသုံးပြုဖူးသည်။

 ဒေးဗစ်မိုယက်စ် (ပေါင် ၃၀, ၀၀၀) ဆန်းဒါးလန်း Patek Philippe Annual Calendar Moonphase 5396G ဖြစ်သည်။ အင်္ဂလိပ်ဂီတပညာရှင်များဖြစ်သည့် ပေါလ် မက္ကာတနေးနှင့် ရင်ဂိုစတားတို့ မကြာခဏ ပတ်ကြဖူးသည်။ ၎င်းတို့၏နာရီတစ်လုံးကို ယခုနှစ်တွင်လေလံတင်ရောင်းချရာ ပေါင် ၉ သန်းရရှိခဲ့ သည်။

ဘရက်ဒလေ (ပေါင် ၄၀) ဆွမ်ဆီးနည်းပြဟောင်း Timex Ironman 100 classic ဖြစ်သည်။ ယင်းနာရီတစ်လုံးတည်းရှိခြင်းမှာမဖြစ်နိုင်သော်လည်း ရာထူးမှထုတ်မခံရမီ နောက်ဆုံးပွဲ၌ ပတ်ခဲ့သည်။ မူရင်း Ironman မှာ ၁၉၉၀ ပြည့်နှစ်များက အမေရိကန်သမ္မတ ဘီလ်ကလင်တန်အတွက် ကောင်းမွန်ခဲ့သည်။

 မော်ရီစီယို ပိုချက်တီနို (ပေါင် ၈, ၃၅၀) တော့တင်ဟမ် ဟော့စပါး

IWC Aquatimer Chronograph ‘Expedition Charles Darwin’ ဖြစ်သည်။ နာရီအိမ်ကို ကြေးနီနှင့်ခဲမဖြူသတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။

 ဝေါ်လ်တာမက်ဇာရီ (ပေါင် ၄, ၀၀၀) ဝက်ဖို့ဒ် Rolex Oyster perpetual ဖြစ်သည်။ အမေရိကန်သမ္မတ ဒွိုက်စ် အိုက်စင်ဟောင်ဝါမှ ရော်နယ် ရီဂင်တို့အထိ အသုံးပြုခဲ့သည်။

 တိုနီပူးလစ် (ပေါင် ၁၅, ၉၅၀) ဝက်စ်ဘရွန်း Rolex Cosmograph Daytona ဖြစ်သည်။ ကင်မရွန်းအသင်း ၂၀၁၀ ကမ္ဘာ့ဖလားသို့ရောက်ရှိစဉ်က အသင်းသားအားလုံးကို အီတူးက လက်ဆောင်ပေးဖူးသည်။
ဆလာဗန် ဘီလစ် (ပေါင် ၆, ၀၀၀) ဝက်စ်ဟမ်း

Corum Admiral’s Cup Black Hull (2008, 999 made) ဖြစ်သည်။ Admiral's Cup နိုင်ငံတကာရွက်လှေပြိုင်ပွဲ အထိမ်းအမှတ် ထုတ်လုပ်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းနှင့် ရွက်လှေလက်ရွေးစင် အက်ဒ်ဝပ်ဟိသ် ဦးဆောင်သည့် ဗြိတိန်အသင်း ၁၉၇၁ တွင်ဗိုလ်စွဲဖူးသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly