UNFC အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

UNFC အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။                      ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန်လည် သုံးသပ် ညှိနှိုင်းဆွေးနွေးသော တတိယနေ့ အစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

ယနေ့ လုံခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ရှေ့အလားအလာအပေါ် ဆရာရဲမျိုးဟိန် (Tagaung Institute )၊ အရပ်ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်းအကျင်းနှင့် ပတ်သက်၍   ဒေါက်တာကျော်သူ(ပေါင်းကူး)၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာ သိန်းလွင်(NNER)၊ သယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ဆရာမော်ထွန်းအောင် (NRGI)၊ မြေယာမူဝါဒနှင့် ပတ်သက်၍ ဆရာစည်သူနှင့် ဆရာကိုမိုး(MATA)တို့က ဆွေးနွေးတင်ပြကြမည် ဖြစ်သည်။

UNFC ခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)မှ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်နှင့် လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ရ၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly