ဆန္ဒပြမှုကြောင့် ဘင်္ဂလားဒေ့ရှ် စက်ရုံများက အထည်ချုပ်အလုပ်သမား ၁၅၀၀ကို အလုပ်ထုတ်ပစ်

ဆန္ဒပြမှုကြောင့် ဘင်္ဂလားဒေ့ရှ် စက်ရုံများက အထည်ချုပ်အလုပ်သမား ၁၅၀၀ကို အလုပ်ထုတ်ပစ်

ဒီဇင်ဘာ ၂၈ ။              ။ လုပ်ခလစာ ပိုမိုရရှိရေးအတွက် ရက်သတ္တပတ်တစ်ပတ်လောက် ဆန္ဒပြမှုများပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံများမှ အနည်းဆုံးအလုပ်သမား ၁၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း ရဲများက ပြောကြားခဲ့ပါသည်။

အနောက်တိုင်းအမှတ်တံဆိပ် အဝတ်အထည်များကို ထုတ်လုပ်နေသော စက်ရုံဒါဇင်ပေါင်းများစွာဟာ Ashulia ခရိုင်အတွင်း ကြီးမားသော ချီတက်လမ်းလျှောက်မှုများနှင့်   နောက်ဆက်တွဲ ဆန္ဒပြမှုများကြောင့် စက်ရုံများကို ပိတ်ပစ်ခဲ့ရပါသည်။

ရဲများကတော့ စက်ရုံများဟာပြီးခဲ့သောအင်္ဂါနေ့တုန်းကအလုပ်သမားအများအပြားအလုပ်ခွင်ကိုပြန်လည်ရောက် ရှိလာတဲ့အတွက် ဖွင့်လှစ်လည်ပတ်နိုင်ပြီးဖြစ်ပြီး အလုပ်သမားခေါင်းဆောင် အများအပြားကိုတော့ ဖမ်းဆီးထိန်း သိမ်းထားကြောင်း ပြောခဲ့ပါသည်။

ပြီးခဲ့သောအပတ်တုန်းကလည်း ရဲများက အထည်ချုပ်စက်ရုံများ၌ဆူပူအုံကြွမှုများဖြစ်ပေါ်လာအောင် လှုံ့ဆော် သတင်းပေးပို့ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် လူသိများသောသတင်းစာဆရာတစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly