ဒေသတွင်း ကုန်သွယ် လွတ်လပ်ခွင့်နေပြည်တော်၌ သြဂုတ် တွင်ဆွေးနွေးမည်

ဒေသတွင်း ကုန်သွယ် လွတ်လပ်ခွင့်နေပြည်တော်၌ သြဂုတ် တွင်ဆွေးနွေးမည်
ဓာတ်ပုံ - asean

ဇူလိုင် ၂၁ ရက်။     ။ တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးဖက်အခြား ၁၅ နိုင်ငံပါဝင်မည့် အာရှဒေသတွင်း လွတ်လပ်သည့် ကုန်သွယ်ရေးဇုန်သဘောတူညီချက် FTA ဆိုင်ရာ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ၌ သြဂုတ်လအတွင်း ကျင်းပမည်ဖြစ်သည်။

FTA ဆိုင်ရာအတွက်အဆိုပြုဆွေးနွေးနေသည့် ဒေသတွင်းအထူးစီးပွားရေးဆွေးနွေးဖက်နိုင်ငံများ RCEP အစည်းအဝေးကို သြဂုတ်လ ၃ ရက်မှ ၇ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပရန် ရှိနေသည်။

RCEP တွင် မြန်မာပါဝင်သည့် အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစထြေးလျ၊ နယူးဇီလန်၊ အိန္ဒိယတို့ဖြင့် စုစည်းထားသည်။

"အရေးတကြီးအနေအထားတော့ရှိပါတယ်။ ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့ ဒီနှစ်မကုန်မီကို အပြီးသတ်ဖြစ်နိုင်ဖို့ သဘောတူထား ကြတာဖြစ်လို့ပါ။" ဟုတောင်ကိုရီးယား ကုန်သွယ်ရေးဒုတိယဝန်ကြီး Woo Tae-hee ကပုံမှန် ရှင်းလင်းပွဲတစ်ခု တွင်ပြောကြောင်း ကိုရီးယားသတင်းဌာန Yonhap News က ရေးသားထားသည်။

Ref; Yonhap News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly