၂၀၁၆ အတွင်း မက်ဆီ၏ ဂိုးအရေအတွက်ကို အီဘရာဟီမိုဗစ် ကျော်ဖြတ်နိုင်ရန် နှစ်ဂိုးသာလိုအပ်

၂၀၁၆ အတွင်း မက်ဆီ၏ ဂိုးအရေအတွက်ကို အီဘရာဟီမိုဗစ် ကျော်ဖြတ်နိုင်ရန် နှစ်ဂိုးသာလိုအပ်

ဒီဇင်ဘာ ၂၈၊ မန်ချက်စတာ။            ။ မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၂၀၁၆ အတွင်း မက်ဆီသွင်းယူထားသည့် သွင်းဂိုးစံချိန်ကိုကျော်ဖြတ်ရန် နှစ်ဂိုးသာ လိုအပ်တော့သည်။

ပီအက်စ်ဂျီနှင့် မန်ယူအသင်းတို့တွင် ဂိုး ၅၀ သွင်းယူထားသော အီဘရာဟီမိုဗစ်အနေဖြင့် နှစ်သစ်ကူးညနေခင်းတွင် မစ်ဒယ် ဘရော့ဘက်သို့ နှစ်ဂိုးသွင်းယူနိုင်ပါက မက်ဆီ၏ သွင်းဂိုးအရေအတွက်ကို   ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

မန်ယူအသင်းဂန္ထဝင်ကစားသမား ပက်ဒီခရီယန်းကလည်း အီဘရာဟီမိုဗစ်လုပ်နိုင်လိမ့်မည်ဟု ထောက်ခံခဲ့သည်။ “သူလုပ်နိုင် လိမ့်မယ်။ လူတိုင်းကိုလိုက်မေးရင် မက်ဆီကကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ဖြေဖို့များပါတယ်။ ဒါပေမဲ့ မိုဗစ်ရဲ့ လက်ရှိသွင်း ဂိုးတွေကလည်း မက်ဆီနဲ့မကွာဘူးဆိုတာ ပြနေပါတယ်။

သူဘယ်လောက်ကောင်းလဲ ကျွန်တော်အကဲမဖြတ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အပတ်တိုင်းသူ့ကိုကြည့်ရတာ မယုံနိုင် စရာပါပဲ။

ကျွန်တော်သူ့ကိုကြိုက်တာက သူ့ရဲ့ ဉာဏ်ရည်မြင့်တဲ့ ဘောလုံးဦးနှောက်ကြောင့်ပါ။ သူ့ရဲ့ကြံ့ခိုင်မှုကလည်းမယုံနိုင်စရာပဲဖြစ်ပြီး အသက် ၂၅ နှစ်ဆိုရင်ကောင်းမယ်လို့ ဆုတောင်းမိပါတယ်”ဟု ပက်ဒီခရီယန်းက ပြောသည်။

မန်ယူအသင်းတွင် ပထမဆုံးပရီးမီးယားလိဂ် ၁၇ ပွဲကစား ၁၂ ဂိုးသွင်းထားသည့် အီဘရာဟီမိုဗစ်ထက် ဂိုးပိုသွင်းနိုင်သူမှာ နစ္စတယ်ရွိုင်းတစ်ဦးတည်းသာ ရှိသည်။

လာလီဂါရာသီမှာ ဆောင်းရာသီနားရက်ယူသွားပြီဖြစ်၍ မက်ဆီမှာ ၂၀၁၆ အတွင်း ဂိုးထပ်သွင်းနိုင်တော့မည်မဟုတ်ပေ။ အီဘရာဟီမိုဗစ်သည် ၂၀၁၆ အတွင်း ပြိုင်ပွဲစုံအတွက် ပီအက်စ်ဂျီတွင် ၃၃ ဂိုး၊ မန်ယူတွင် ၁၇ ဂိုးသွင်းထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly