UNFC ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ကျင်းပ

UNFC ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ကျင်းပ

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၈ ။               ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်သုံး သပ်ညှိနှိုင်းဆွေးနွေးသော ဒုတိယနေ့ အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ လျှက်ရှိသည်။

ယနေ့တွင် ၂၁ ရာစုပင်လုံ ညီလာခံနှင့် NCA အကောင်အထည်ဖော်မှုဖြစ်စဉ်နှင့် ပတ်သက်၍ NCA လက်မှတ်ရေး ထိုး ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)မှ ရဲဘော် ဆန်နီနှင့် ရဲဘော် မိဆူးပွင့်တို့က တင်ပြခဲ့ကြသည်။

ထို့ပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် CSO Forum အခန်းကဏ္ဍနှင့် အနေအထားအပေါ် လူထုအခြေပြုအဖွဲ့အစည်းမှ ဆရာ သွင်လင်းအောင်က တင်ပြမည် ဖြစ်ပြီး ဒေသတွင်းနှင့်   နိုင်ငံတကာအတွင်း   မြန်မာ့အရေးလှုပ်ရှားမှု အခြေအနေများကို အကြံပေးဘုတ်အဖွဲ့မှ ဒေါ်ခင်ဥမ္မာက တင်ပြမည်ဖြစ်ကာ တရားရေး မဏ္ဍိုင်နှင့် ဥပဒေပြုပြင်ပြောင်းလဲရေး အခြေအနေ များကို မြန်မာရှေ့နေများကွန်ရက်မှ ဆရာသိန်းသန်းဦးက တင်ပြဆွေးနွေးကြမည် ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသောအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)မှ တိုင်းရင်း သား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများ အဖွဲ့အစည်းများ၊   မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန် ဂရက်နှင့် လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ရ၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly