မန်စီးတီးအသင်း အပေါ်များစွာ လေးစားမှုရှိကြောင်း ကလော့ပ်ပြော

မန်စီးတီးအသင်း အပေါ်များစွာ လေးစားမှုရှိကြောင်း ကလော့ပ်ပြော

ဒီဇင်ဘာ ၂၈၊ လီဗာပူးလ်။             ။ လီဗာပူးလ်နည်းပြ ကလော့ပ်က ၎င်းအနေဖြင့် မန်စီးတီးအသင်းအပေါ် များစွာလေးစားမှုရှိကြောင်း ဖလားပြိုင်ဘက်အသင်း နှစ်သင်း နှစ်သစ်ကူးညနေခင်းတွင်   တွေ့ဆုံမည့်ပွဲ မတိုင်မီ ပြောဆိုလိုက်သည်။

ကလော့ပ်၏အသင်းသည် အင်္ဂါနေ့တွင် စတုခ်စီးတီးကို ၄-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် မန်စီးတီး၏အထက် ပရီးမီးယားလိဂ် ဒုတိယ နေရာသို့ရောက်ရှိနေသည်။

တနင်္လာနေ့တွင် ဟားလ်စီးတီးကို ၃-၀ ဖြင့် နိုင်ထားသော မန်စီးတီးအသင်း၏နည်းပြ ဂွာဒီယိုလာသည် အန်ဖီးလ်၌ လီဗာပူးလ်အသင်း၏နိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့သည်။

“ကျွန်တော်သူတို့ကို အများကြီးလေးစားပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ သူတို့ကွင်းကိုသွားပြီး ပွဲမကြည့်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့ တွေ့မယ့်ပွဲကို စောင့်စားနေပါတယ်။

နှစ်သင်းစလုံးအတွက် ခက်ခဲမှာဖြစ်သလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့အတွက် သတင်းကောင်းကတော့ အန်ဖီးလ်မှာကစားရမှာ ဖြစ်ပါတယ်။

သူတို့က ခြေစွမ်းကောင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ကလည်း သိပ်မဆိုးပါဘူး။ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ”ဟု ကလော့ပ်က ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly