ပုလဲဆိပ်ကမ်းတွင် အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ ဂုဏ်ပြုပန်းခွေချ

ပုလဲဆိပ်ကမ်းတွင် အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ ဂုဏ်ပြုပန်းခွေချ

ပုလဲဆိပ်ကမ်း၊ ဒီဇင်ဘာ ၂၈ ။               ။ အမေရိကန်နိုင်ငံအား ဒုတိယကမ္ဘာစစ်အတွင်း သက်ဆင်းစေခဲ့သော ဂျပန်၏ ရှောင်တခင်တိုက်ခိုက်ခံခဲ့ရသည့် ပုလဲဆိပ်ကမ်းမှ ကျဆုံးခဲ့သော အမေရိကန်စစ်သည်များအတွက် အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က အတူပူးတွဲလျက် ဂုဏ်ပြုပန်းခွေများ ချခဲ့သည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ရ ရက်က ဂျပန်၏ တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သား ၂၄၀၀ ကျော်ထက်မနည်းအတွက် ခေါင်းဆောင်နှစ်ဦးက ဂုဏ်ပြုကြခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက USS Arizona မှ ကျဆုံးစစ်သည်များ ဂူဗိမာန်ရှေ့မှောက်တွင် တဒင်္ဂတိတ်ဆိတ် မတ်တပ်ရပ်ကာ ဂုဏ်ပြုခဲ့သည်။

ယခု အာဘေး၏ ပုလဲဆိပ်ကမ်းခရီးစဉ်သည် သမ္မတ အိုဘားမား၏ ကမ္ဘာစစ်အတွင်း အမေရိကန်က နျူကလီးယားဗုံးကြဲချခဲ့သည့် ဟီရိုရှီးမား မြို့သို့ အလည်အပတ်ရောက်ရှိ ဂုဏ်ပြုခဲ့ခြင်းအပေါ်   ရောင်ပြန်ဟပ်ခြင်းလည်းဖြစ်သည်။

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဟာဝိုင်ယီရှိ အထိမ်းအမှတ်နေရာများသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် ၁၉၄၁ ခုနှစ်အတွင်း ဂျပန်တို့ တိုက်ခိုက်ခဲ့သည့် အမေရိကန်ရေတပ်စခန်းရှိရာ ပုလဲဆိပ်ကမ်းသို့ ရောက်ရှိခြင်းလည်းဖြစ်သည်။

ရှင်ဇိုအာဘေးအနေဖြင့် သမ္မတအိုဘားမားနှင့်အတူ ပုလဲဆိပ်ကမ်းသို့ ရောက်ရှိခြင်းဖြစ်ကာ တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံးအဖြစ် ပုလဲဆိပ်ကမ်းသို့ လည်ပတ်ရောက်ရှိခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ကျဆုံးသည့် အမေရိကန်စစ်သားများကို ရှင်ဇိုအာဘေးက ရည်သန်ဂုဏ်ပြုမည်ဖြစ်သော်လည်း တောင်းပန်မှုပြုမည်တော့ မဟုတ်ကြောင်း အာဘေး၏ လက်ထောက်က ပြောခဲ့သည်။

ဟာဝိုင်ယီသို့ ရောက််ရှိပြီးနောက် ရှင်ဇိုအာဘေးက ပထမဆုံးအဖြစ် ပစိဖိတ်အမျိုးသားအထိမ်းအမှတ်ဂူသချင်္ုိင်းသို့ သွားရောက်ခဲ့ကာ ပန်းခွေချသည်။

ပုလဲဆိပ်ကမ်းဗုံးကြဲမှုအတွင်း  သေဆုံးသူများကို မြုပ်နှံထားရာ ဟိုနိုလူလူရှိ အဆိုပါ ဂူသချင်္ုိင်းတွင် ရှင်ဇိုအာဘေးက ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် တဒင်္ဂနှုတ်ဆိတ်ရပ်တန့်ကာ ဂုဏ်ပြုခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly