တူရကီအာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ရဲ ၂၉ ဦးအား စတင်တရားစွဲဆို

တူရကီအာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ရဲ ၂၉ ဦးအား စတင်တရားစွဲဆို

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၇ ။            ။ တူရကီနိုင်ငံတွင် ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သော အရေးနိမ့်ခဲ့သည့် အာဏာသိမ်းမှု၌ အစိုးရအား ဖြုတ်ချရန် လုပ်ဆောင်သည် စွပ်စွဲချက်ဖြင့် အကျဉ်းထောင်တစ်ခုတွင် ရဲ ၂၉ ဦးအား စတင်တရားစွဲဆိုစစ်မေးလျက်ရှိပြီဖြစ်သည်။

ယခုတရားစစ်မေးမှုသည် မအောင်မြင်သည့် အာဏာသိမ်းမှုနောက်ပိုင်း ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသူများအား ပထမစတင်တရားစစ်ဆေးမှုလည်းဖြစ်သည်။

စစ်တပ်နှင့် ရဲ တပ်ရင်းတပ်ဖွဲ့အချို့က သမ္မတ တေယစ်အာဒိုဂန်အား ဖြုတ်ချရန် ကြိုးစားမှုဖြစ်ပွားခဲ့ပြီးနောက် တူရကီနိုင်ငံတွင် လူပေါင်း ၄၀၀၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးခြင်း၊ ရာထူးထုတ်ပယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အာဏာသိမ်းမှုအတွက် အမေရိကန်အခြေစိုက် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖက်တူလက်ရှ်ဂူလန်အား အပြစ်ဆိုထားသည်။

ထိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဂိုလန်က ငြင်းဆန်သော်လည်း သမ္မတ အာဒိုဂန်က တူရကီနိုင်ငံတွင် ဂူလန်နောက်လိုက်များ၏ လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း သတိပေးသည်။

ရုရှသံအမတ်ကြီး အန်ဒရိုင်ကာလော့ဗ်အား ပစ်သတ်ခဲ့သည့် တာဝန်ချိန်ပြင်ပ ရဲသားမှာလည်း ဂူလန်ဝါဒီများနှင့် ပတ်သက်မှုရှိသည်ဟု ဆိုသည်။ သို့သော် ၎င်းရဲသားက ရုရှသံအမတ်ကြီးအား ပစ်သတ်ရာတွင် ဆီးရီးယားရှိ အလီပိုမြို့အတွက်ဆိုကာ ကြွေးကြော်ခဲ့သည်။ ၎င်းရဲသားကို အသေပစ်သတ်နှိမ်နင်းခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly