လူးကပ်စ်အတွက် အင်တာမီလန်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်စဉ်းစားနေ

လူးကပ်စ်အတွက် အင်တာမီလန်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်စဉ်းစားနေ

ဒီဇင်ဘာ ၂၇၊ လီဗာပူးလ်။       ။ လီဗာပူးလ်အသင်းသည် ကွင်းလယ်ကစားသမား လူးကပ်စ်လီဗာအတွက် အင်တာမီလန်၏ ကမ်းလှမ်းမှုကိုစဉ်းစားနေသည်။

အင်တာမီလန်သည် လူးကပ်စ်ကိုလွန်ခဲ့သောနှစ်များကတည်းကစိတ်ဝင်စားနေပြီး အသင်းကိုနည်းပြ မန်စီနီ ကိုင်တွယ်စဉ် ကတည်းက ခေါ်ယူရန်ကြိးပမ်းခဲ့ဖူးသည်။

လူးကပ်စ်သည် ကလော့ပ်၏လူစာရင်းတွင် ထင်ရှားသောကစားသမားတစ်ဦးဖြစ်သော်လည်း အင်တာမီလန်အသင်းက လက်ကျန် ရာသီအတွက်အငှားဖြင့်ခေါ်ယူပြီး ရာသီကုန်တွင် အပြီးသတ်ခေါ်ယူနိုင်ရန် စုံစမ်းနေခြင်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးကစားသမားသည် ၂၀၀၇ ကတည်းက အန်ဖီးလ်သို့ရောက်နေပြီး မိသားစုမှာလည်း အခြေကျ လျှက်ရှိသည်။

သို့သော်လက်ရှိရာသီတွင် ပွဲထွက်ခွင့်နည်းပါးနေပြီး ၁၁ ပွဲသာကစားခွင့်ရထားကာ ပွဲကစားခွင့်များများလိုချင်နေသည်။ အသင်း ပြောင်းရန်ဆုံးဖြတ်ဖြစ်ပါက လာမည့်နွေရာသီတွင် လီဗာပူးလ်ကိုနှုတ်ဆက်ရမည်ဖြစ်ပြီး ဆက်နေရန်ဆုံးဖြတ်ပါက ပွဲကစားခွင့် အတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။

ကလော့ပ်သည် လူးကပ်စ်ကို ဗဟိုနောက်ခံအဖြစ်လည်းကောင်း၊ ကွင်းလယ်အဖြစ်လည်းကောင်းအသုံးပြုနေသော်လည်း မြင့်မြင့်မားမားမျှော်မှန်းခံထားရသည့် လူငယ်ဗဟိုနောက်ခံလူ ဂျိုးဂိုမက်ဇ်၏ခြေစွမ်းတိုးတက်လာနေမှုကြောင့် လူးကပ်စ်မှာ အင်တာမီလန်၏ ကမ်းလှမ်းမှုကို စဉ်းစားလာရခြင်းဖြစ်သည်။

အင်တာမီလန်သည် ချယ်လ်ဆီးမှ မီကယ်လ်၊ ဝုဖ်ဘတ်မှ ဂူစတာဗိုတို့ကိုလည်း စိတ်ဝင်စားနေသည့်တိုင် လူးကပ်စ်မှာ ၎င်းတို့၏ အဓိက ပစ်မှတ်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly