ပုံစံကောင်းကို ရာသီကုန်ထိဆက်ထိန်းထားနိုင်ရန် ကွန်တီမျှော်လင့်

ပုံစံကောင်းကို ရာသီကုန်ထိဆက်ထိန်းထားနိုင်ရန် ကွန်တီမျှော်လင့်

ဒီဇင်ဘာ ၂၇၊ လန်ဒန်။             ။ ၁၂ ပွဲဆက်အနိုင်ရသည့်စံချိန်တင်ပြီးနောက် ပုံစံကောင်းကို ရာသီကုန်ထိဆက်ထိန်းထားနိုင်ရန် ချယ်လ်ဆီးနည်းပြ ကွန်တီက မျှော်လင့်နေသည်။

ဘုန်းမောက်ကို အဓိက ကစားသမားနှစ်ဦးမပါဘဲ ၃-၀ ဖြင့်အနိုင်ရခြင်းမှာ ဆုဖလားပြိုင်ဘက်များကို သတိပေးလိုက်ခြင်းဟုလည်း ကွန်တီက ယုံကြည်နေသည်။

“ဒီနေ့ ကျွန်တော်တို့ ကောင်းကောင်းအသိပေးလိုက်နိုင်တယ်လို့ ထင်ပါတယ်။ အသင်းရဲ့အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဒီယေဂိုကော်စတာနဲ့ ကန်တေတို့မပါနိုင်လို့ ဒီနေ့မှာ ကျွန်တော်တို့အမှတ်များဆုံးရှုံးမလားလို့ အတော်များများက စောင့်ကြည့်နေ ကြတယ်။

အဲဒါဖြစ်မလာခဲ့ပါဘူး။ ပြီးတော့ အသင်းလူစာရင်းထဲက ကစားသမားအားလုံးကို အားကိုးလို့ရနိုင်လို့ ကျွန်တော်ကျေနပ်ပါတယ်” ဟု ကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်၏ ပရီးမီးယားလိဂ် ၁၄ ပွဲဆက်အနိုင်ရသည့် စံချိန်ကိုလိုက်မီရန်လည်း နီးစပ်နေပြီဖြစ် သည်။

နှစ်သစ်ကူးညနေခင်းတွင် စတမ်းဖို့ဒ်ဘရစ်ချ်၌ ထပ်မံရင်ဆိုင်ရမည့် နောက်တစ်သင်းမှာ စတုခ်စီးတီးဖြစ်သည်။ “ပုံစံကောင်းကို ရာသီကုန်ထိဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ကွန်တီက အပြံုးဖြင့်ပြောဆိုသည်။

ဆက်လက်၍ကွန်တီက အဆုံးသတ်ပန်းတိုင်သို့မရောက်လျှင် စံချိန်က အရေးမပါကြောင်း၊ အမှတ်ပေးဇယားရပ်တည်မှုက အရေးကြီးကြောင်း၊ သို့သော် ၁၂ ပွဲတွင် ၃၆ မှတ်ရပြီး ဇယားထိပ်ရောက်နေခြင်းမှာ ကောင်းမွန်ကြောင်းနှင့် လက်ရှိစံချိန်ကို ဂုဏ်ယူနေကြောင်း ပြောသည်။

ဘုန်းမောက်နှင့်ပွဲတွင်ချယ်လ်ဆီးအတွက်ဂိုးများကို ပက်ဒရိုနှင့် ဟက်ဇက်ကတစ်ဂိုးစီသွင်းယူခဲ့ပြီး ဘုန်းမောက်မှ ကွတ်ခ်က ကိုယ့် ဂိုးကိုယ် တစ်ဂိုးသွင်းယူခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly