ဆန်းဒါးလန်းဘက်သို့ သွင်းသည့်ဂိုးမှာ မိမိ၏ အကောင်းဆုံးဂိုးဟု မစ်ခီတာယန်ဆို

ဆန်းဒါးလန်းဘက်သို့ သွင်းသည့်ဂိုးမှာ မိမိ၏ အကောင်းဆုံးဂိုးဟု မစ်ခီတာယန်ဆို

ဒီဇင်ဘာ ၂၇၊ မန်ချက်စတာ။                  ။ ယမန်နေ့တွင် မန်ယူက ဆန်းဒါးလန်းကို ၃-၁ ဖြင့်နိုင်သည့်ပွဲ၌ စကော်ပီယံကန်ချက်ဖြင့် သွင်းယူသည့်ဂိုးမှာ မိမိ၏ အကောင်းဆုံး ဂိုးဟု ဟန်ရစ်ခ် မစ်ခီတာယန်က ပြောသည်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဖြတ်တင်ပေးပို့သည်ကို မန်ယူ၏ တတိယဂိုးအဖြစ် မစ်ခီတာယန်က ညာဘက်ခြေဖနောင့်ဖြင့် ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။

“သိပ်ကောင်းတဲ့ ခံစားချက်ပါ။ ခရစ္စမတ်မျက်လှည့်လေးတစ်ခုဖြစ်ပြီး ကျွန်တော်သွင်းသမျှဂိုးထဲမှာ အကောင်းဆုံးဂိုးပါပဲ။ သိပ်စိတ် လှုပ်ရှားခဲ့ရတယ်။ ပထမတော့ စည်းကြပ်ဒိုင်ကိုကြည့်မိသေးပြီး လူမကျွံတာသိရတော့မှ အောင်ပွဲခံတော့တာပဲ။

ဘောလုံးက ကျွန်တော့်ရှေ့ကျလာမယ်ထင်ခဲ့ပြီး နောက်မှသိလိုက်ရတာက ကျွန်တော်ကရှေ့ကို ရောက်နေတယ်။ ဘောလုံးက ကျွန်တော့်နောက်ကိုရောက်နေတော့ ခြေဖနောင့်နဲ့ချိတ်ဖို့ပဲရှိတော့လို့ လုပ်လိုက်တာ အောင်မြင်သွားတယ်”ဟု မစ်ခီတာယန်က ပြောသည်။

မန်ယူအသင်းအတွက် ဂိုးများကို ဒါလေဘလိုင်း၊ အီဘရာဟီမိုဗစ်နှင့် မစ်ခီတာယန်တို့က သွင်းယူခဲ့ကြပြီး ဆန်းဒါးလန်းအတွက် ချေပဂိုးကို ဘိုရီနီက သွင်းယူပေးခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly