ဘာသာရေးစော်ကားမှုဖြင့် ဂျကာတာမြို့တော်ဝန်အား ဆက်လက်စွဲဆိုသွားမည်ဟု တရားရုံးဆုံးဖြတ်

ဘာသာရေးစော်ကားမှုဖြင့် ဂျကာတာမြို့တော်ဝန်အား ဆက်လက်စွဲဆိုသွားမည်ဟု တရားရုံးဆုံးဖြတ်

ဂျကာတာ၊ ဒီဇင်ဘာ ၂၇ ။          ။ အင်ဒိုနီးရှားနိုင်ငံတွင် ကိုအာရ်ကျမ်းကို စော်ကားသည်ဆိုကာ စွပ်စွဲခံထားရသည့် ခရစ္စယာန်တစ်ဦးဖြစ်သော ဂျကာတာမြို့တော်၏ မြို့တော်ဝန်အား တရားရုံးက ဘာသာရေးစော်ကားမှုဖြင့် ဆက်လက်စွဲဆိုသွားမည်ဖြစ်ကြောင်း တရားသူကြီးတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။

တိုင်းရင်းသား တရုတ်လူမျိုးဖြစ်သော ဂျကာတာမြို့တော်ဝန် ပါနာမာ၏ ရှေ့နေများက အမှုလုပ်စွဲဆိုခြင်းသည် လူ့အခွင့်အရေးနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ရာရောက်၍ အမှုပိတ်သင့်ကြောင်း ပြောဆိုကြသော်လည်း ဂျူရီအဖွဲ့က ပယ်ချလိုက်ခြင်းဖြစ်သည်။

“အားလုံးသော ဖြစ်ရပ်သက်သေတွေအရ တရားရုံးက ခုလို ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ တရားခံကို ခြွင်းချက်အဖြစ်ထားဖို့က မဖြစ်နိုင်ပါ။”ဟု တရားသူကြီး အဗ္ဗဒူရိုစယက်က ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်က ပထမကြားနာမှုတွင် တရားစွဲဆိုမှုများကို ပါနာမာက ငြင်းဆန်သွားသည်။ ယခုအမှုက ကမ္ဘာ့မွတ်စလင်အများဆုံးနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်အတွက် စမ်းသပ်လာနိုင်သည့် အမှုဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags