ချယ်လ်ဆီးအသင်းကို လိုက်မီရန်ခက်ခဲမည်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

ချယ်လ်ဆီးအသင်းကို လိုက်မီရန်ခက်ခဲမည်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

ဒီဇင်ဘာ ၂၇၊ မန်ချက်စတာ။             ။ မန်ချက်စတာစီးတီးနည်းပြပက်ဂွာဒီယိုလာက ၎င်း၏အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းကိုလိုက်မီရန် ခက်ခဲလိမ့်မည်ဟု ပြောသည်။

မန်စီးတီးအသင်းသည် ဘောက်ဆင်ဒေးတွင် ဟားလ်စီးတီးကို ၃-၀ ဖြင့်အနိုင်ရပြီးနောက် ချယ်လ်ဆီးအသင်းနှင့် ခုနစ်မှတ်အကွာ အမှတ်ပေးဇယားဒုတိယနေရာသို့ရောက်လာသည်။

ကွန်တီ၏ ချယ်လ်ဆီးအသင်းသည်လည်း ဘုန်းမောက်ကို ၃-၀ ဖြင့်အနိုင်ရပြီး အသင်း၏ စံချိန်သစ်အဖြစ် ၁၂ ပွဲဆက်နိုင်ပွဲရရှိခဲ့ သည်။

“ချယ်လ်ဆီးထက် ကျွန်တော်တို့က ခုနစ်ပွဲနဲ့အထက် ပိုပြီးကစားရလို့ ခက်ခဲမယ်လို့ပြောရတာပါ။ လီဗာပူးလ်ဟာ တစ်နှစ်မှာ ဆုဖလားနဲ့ သိပ်နီးစပ်သွားခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်တစ်ပွဲနှုန်းပဲကစားခဲ့ရလို့ပါ။

လက်စတာလည်း အဲဒီလို ဖြစ်ခဲ့ဖူးပါတယ်။ ဒီအချိန်မှာလည်း ချယ်လ်ဆီးနဲ့ လီဗာပူးလ်က အတူတူပါပဲ”ဟု ဂွာဒီယိုလာက ပြောသည်။

လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် အဆင့် ၈ နှင့် အဆင့် ၁၀ နေရာများသာရရှိ၍ လက်ရှိရာသီတွင် ဥရောပဝင်ခွင့်မရသည့် အသင်းများဖြစ်သည်။

ဥရောပဝင်ခွင့်မရသည့်နောက်ဆုံးရာသီ ၂၀၁၃-၁၄ က လီဗာပူးလ်သည် ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးနှင့်အပြိုင်ဖြစ်ခဲ့ပြီးမှ ကပ်လွဲခဲ့ရသကဲ့သို့ ယမန်နှစ်က ပြည်တွင်းပြိုင်ပွဲသာရှိခဲ့သော လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly