ပုလဲဆိပ်ကိမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေး အလည်အပတ်ရောက်ရှိ

ပုလဲဆိပ်ကိမ်းသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေး အလည်အပတ်ရောက်ရှိ

ပုလဲဆိပ်ကမ်း၊ ဒီဇင်ဘာ ၂၇ ။              ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဟာဝိုင်ယီရှိ အထိမ်းအမှတ်နေရာများသို့ အလည်အပတ်သွားရောက်ပြီး ၁၉၄၁ ခုနှစ်အတွင်း ဂျပန်တို့ တိုက်ခိုက်ခဲ့သည့် အမေရိကန်ရေတပ်စခန်းရှိရာ ပုလဲဆိပ်ကမ်းသို့ လည်ပတ်မည်ဖြစ်သည်။

ရှင်ဇိုအာဘေးအနေဖြင့် သမ္မတအိုဘားမားနှင့်အတူ ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ကာ တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံးအဖြစ် ပုလဲဆိပ်ကမ်းသို့ လည်ပတ်ရောက်ရှိခြင်းလည်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ကျဆုံးသည့် အမေရိကန်စစ်သားများကို ရှင်ဇိုအာဘေးက ရည်သန်ဂုဏ်ပြုမည်ဖြစ်သော်လည်း တောင်းပန်မှု ထုတ်ပြန်ရန်တော့ မရှိကြောင်း အာဘေး၏ လက်ထောက်က ပြောသည်။

ဂျပန်နိုင်ငံက ပုလဲဆိပ်ကမ်းကို လာရောက်တိုက်ခိုက်ခဲ့ရာ၌ အမေရိကန်စစ်သားပေါင်း ၂၃၀၀ ကျဆုံးခဲ့ပြီး အမေရိကန်အနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်းသို့ ၀င်ရောက်လာခဲ့ရသည်။

ဟာဝိုင်ယီသို့ ရောက််ရှိပြီးနောက် ရှင်ဇိုအာဘေးက ပထမဆုံးအဖြစ် ပစိဖိတ်အမျိုးသားအထိမ်းအမှတ်ဂူသချင်္ုိင်းသို့ သွားရောက်ခဲ့ကာ ပန်းခွေချသည်။

ပုလဲဆိပ်ကမ်းဗုံးကြဲမှုအတွင်း သေဆုံးသူများကို မြုပ်နှံထားရာ ဟိုနိုလူလူရှိ အဆိုပါ ဂူသချင်္ုိင်းတွင် ရှင်ဇိုအာဘေးက ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် တဒင်္ဂနှုတ်ဆိတ်ရပ်တန့်ကာ ဂုဏ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly