ဝီရှီးယားကို စာချုပ်သစ်ကမ်းလှမ်းရန် အာဆင်နယ်စီစဉ်

ဝီရှီးယားကို စာချုပ်သစ်ကမ်းလှမ်းရန် အာဆင်နယ်စီစဉ်

ဒီဇင်ဘာ ၂၆၊ လန်ဒန်။          ။ အာဆင်နယ်အသင်းသည် ဘုန်းမောက်သို့အငှားချထားသော အင်္ဂလန် လက်ရွေးစင်ကွင်းလယ်ကစားသမား ဝီရှီးယားကို စာချုပ်သစ်ကမ်းလှမ်းရန်စီစဉ်နေသည်။

ဒဏ်ရာပြဿနာများနှင့် ၁၈လကြာလုံးပန်းနေရသော ဝီရှီးယားမှာ ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ဘုန်းမောက်အသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားနေခြင်းဖြစ်ပြီး အာဆင်နယ်အသင်းအနေဖြင့် ဇန်နဝါရီလအတွင်း စာချုပ်သစ်ကမ်းလှမ်းမည်ဖြစ်သည်။

အာဆင်နယ်အသင်းမှာ အိုဇေးလ်၊ ဆန်းချက်ဇ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးရန်ညှိုနှိုင်းနေပြီး ဂီရော့ဒ်၊ ကိုကွီလင်တို့နှင့် စာချုပ်သစ် ချုပ်ရန် သဘောတူညီမှုရထားသည်။

အာဆင်နယ်ကွင်းလယ်ကစားသမား ဝီရှီးယားကို ပြိုင်ဘက် မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေပြီး အေစီမီလန်နှင့်ရိုးမားအသင်းတို့ကလည်း ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း ကမ်းလှမ်းမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly